Friday, October 24, 2008

ချစ်သူလေးအတွက် မွေးနေ့ဆုတောင်း >>>><<<<

(၂၄.၁၀.၂၀၀၈)(သောကြာနေ့)တွင်ကျရောက်သောကျွန်တော့်အချစ်ဆုံးချစ်သူလေးရဲ့အသက်(၂၁) နှစ်မြောက် မွေးနေ့ပွဲလေးအားထိုင်းနိုင်ငံတွင်ကျင်းပပြုလုပ်ပြီးစီးပါကြောင်းနှင့်ယနေ့မွေးနေ့ပွဲသို့လာရောက်ချီးမြှင့်ပေးကြသော သူငယ်ချင်းများအားလုံးကိုလည်းကျေးဇူးအထူးတင်မိပါကြောင်း။အင်္ဂလန်နိုင်ငံ၊ ၀ီဂန်မြို့တွင် ရောက်ရှိနေသော ကျွန်တော့်ချစ်သူလေး။အလုပ်များဖြင့်ကိုယ့်မွေးနေ့ကိုတောင်မေ့နေသောကျွန်တော့်ချစ်သူလေးအတွက်ထိုင်းနိုင်ငံတွင် ရှိနေသောကျွန်တော်မှမွေးနေ့ပွဲလေးလုပ်ပေးခဲ့ခြင်းဖြစ်ပါသည်။ယခုလူကြီးမင်းများဖတ်ရှုနေသော http://www.mygirlfriend2.blogspot.com လေး၏ပိုင်ရှင်အစစ်အမှန်သည်ထိုကောင်မလေးသာဖြစ်ပါသည်။ ဥပမာ - Cbox တွင်ကြည့်ပါ။

မွေးနေ့ဆုတောင်း
ကျွန်တော်အရမ်းချစ်တဲ့ကျွန်တော့်ချစ်သူလေးယနေ့မှစ၍နောင်နှစ်ပေါင်း(၁၀၀)တိုင်အောင်ကျွန်တော်တို့နှစ်ယောက် လက်တွဲနေထိုင်နိုင်ပါစေလို့ကိုယ့်ကိုယ်ကိုယ်ဆုတောင်းလိုက်ပါတယ်။ကဲ......ဒေါ်နန်းအေးအောင်လေးရေ ကိုယ်အကုန်လုံးလုပ်ပေးပြီးပြီနော်။
ကိုယ်အရမ်းချစ်တယ်။ကိုယ့်ကိုဂရုစိုက်တဲ့အတွက်လဲကျေးဇူးအများကြီးတင်ပါတယ်။တစ်သက်လုံးကိုယ့်ကိုဂရုစိုက် ပေးဖို့ကိုလဲတောင်းဆို ပါတယ်။ ကျေးဇူးပြုပြီး ကိုယ့်ကိုချစ်သူလေးရဲ့ရင်ခွင်ထဲမှာ တစ်သက်လုံးအိပ်စက်ခွင့် ပေးပါတော့နော်။
ချစ်သူလေးရဲ့ဘတ်ဒေးမှာ ကိုယ်လေးလေးနက်နက်ကတိတစ်ခုပေးပါမယ်။ ကိုယ်ချစ်သူလေးကိုအရမ်းချစ်တယ်။ ပြီးတော့ ကိုယ်ချစ်သူ လေးကိုလက်ထပ်ခွင့်တောင်းထားတယ်နော်။ အဲဒီနေ့ရောက်ဖို့ကိုကိုယ်စောင့်နေမယ်။
ချစ်သူလေးရဲ့မွေးနေ့လက်ဆောင်အဖြစ်နဲ့ကိုယ့်နှလုံးသားကို ချစ်သူလေးကိုအပိုင်ပေးလိုက်ပါပြီ။ စေလိုရာစေ ပါတော့။

မွေးနေ့လက်ဆောင်(အချိန်တိုင်းဆိုတဲ့သီချင်းလေးပါ)





No comments: