Tuesday, September 30, 2008

မိမိချစ်သူ ဘာလုပ်နေလဲဆိုတာ satellite ကနေ တိုက်ရိုက်ကြည့်ရအောင်

ဒီနေ့ ခေတ်အား IT ခေတ်ဆိုတဲ့ အတိုင်း အရမ်းတိုးတက်တာ အံ့သြသင့်စရာပါပဲ …..
အခုပဲ satellite ကနေ မိမိချစ်သူဘာလုပ်နေတယ်ဆိုတာ အလွယ်တကူကြည့်လို့ ရပါတယ် ..
ဘာမှမလိုအပ်ပါဘူး .. မိမိချစ်သူရဲ့ GSM ဖုန်းနံပါတ်ကို ရိုက်ထည့်ပေးယုံပါပဲ ..
satellite ကနေ GSM Network နဲ့ ချိတ်ဆက်ပြီး ရှာဖွေပေးတာပါ ..
ကော်နက်ရှင် အရမ်းကောင်းစရာလဲ မလိုပါဘူး ..
လုပ်နည်းကတော့ Countery ကိုရွေး ၊ ပြီးရင် မိမိချစ်သူ ဖုန်းနံပါတ်ကိုထည့် ဒါဆိုရပါပြီး ..
ကဲ … ကြည့်ချင်ရင်တော့ အောက်ကလင့်ကို ပြေးပေးတော့ဗျို့
http://www.themobiletracker.com/english/index.html

အပြည့်အစုံဖတ်ချင်ရင် နှိပ်လိုက်ပါ...

Saturday, September 27, 2008

ကျွန်တော့်စိတ်ကူးအိမ်မက်များ

ကျွန်တော်မိန်းမယူချင်နေတာကြာပြီဗျ။စိတ်ကြိုက်ဖြစ်မယ့်မိန်းမတစ်ယောက်ကိုတော့ယူမယ်လို့ဆုံးဖြတ်ထားတယ်။ ကျွန်တော်ရဲ့တောင်းဆိုချက်တွေကတော့ သာမာန်ပါပဲ။ ဖတ်ကြည့်ပါဦး >>>

  • ကျွန်တော်ယူမယ့်မိန်းမကလူတကာကိုဆွဲဆောင်နိုင်တဲ့အလှဘုရင်မဖြစ်စရာမလိုပါဘူး။ကိုယ်လုံးသေးသေး သွယ်သွယ်နဲ့ချစ်စရာကောင်းရင်တော်ပါပြီ။ ကျွန်တော်ရယ်စရာပြောရင်လိုက်ရယ်တတ်ရမယ်။
  • ကျွန်တော်ယူမယ့်မိန်းမရဲ့အိမ်ဘယ်လိုပုံစံရှိတယ်ဆိုတာကိုလည်းစိတ်မ၀င်စားပါဘူး။အိမ်ကျယ်ရင်ပြီးရော။
  • မင်္ဂလာဆောင်မယ်ဆိုရင်ကုန်ကျစားရိတ်ကိုတစ်ဝက်စီကျခံမယ်။ကျွန်တော်ယူမယ့်မိန်းမကတစ်ဝက်သူ့မိဘ တွေကတစ်ဝက်။
  • အသွင်မတူရင်အိမ်သူမဖြစ်ဘူးဆိုတာကိုကျွန်တော်နားလည်ပါတယ်။ဒါကြောင့်လက်ထပ်ပြီးတဲ့အခါစိတ်တူ ကိုယ်တူဖြစ်အောင်လုပ်မယ်။ ဆိုကြပါစို့ .... မြို့လယ်ရုပ်ရှင်ရုံမှာမင်းသားလွင်မိုးပါတဲ့ကားသစ်တင်လို့ ”သွားကြည့်ရအောင်လို့သူမကပြောမယ်။ လွင်မိုးကိုကျွန်တော်မကြိုက်ဘူး။ မလိုက်ချင်ဘူးလို့ကျွန်တော်က ငြင်းတယ်။ အဲဒီလိုအခြေအနေမျိုးဖြစ်လာရင်နှစ်ယောက်လုံးမသွားတော့ဘူး။ရုပ်မြင်သံကြားကလာတဲ့ ကိုရီးယားကားကိုပဲကြည့်မယ်။
  • သူ့ရဲ့ကျန်းမာရေးကိုလည်းကျွန်တော်ဂရုစိုက်မယ်။ချိုလွန်းတဲ့အစားအစာတွေ ဥပမာ.ဈေးကြီးပေးရတဲ့ ချောကလက်ကိုသူမလက်ဖျားနဲ့တောင်မထိစေရဘူး။ ကျွန်တော်ပဲစားမယ်။
  • ကျွန်တော်ယူမယ့်မိန်းမဟာခေတ်နဲ့တစ်ပြေးညီစတိုင်ကျကျဝတ်နိုင်အောင်ကျွန်တော်ဆင်ပေးမယ်။ဒါပေမယ့် ဈေးကြီးတဲ့အ၀တ်အစားတွေမဖြစ်စေရဘူး။
  • ထမင်းဟင်းကိုသူမဘယ်လိုချက်ချက်ကျွန်တော့်အတွက်အရေးမကြီးပါဘူး။အရသာရှိရင်တော်ပါပြီ။
  • မြန်မာဟင်းလျာချည်းကိုပဲချက်စရာမလိုပါဘူး။ဒီနေ့မြန်မာစာ၊ နောက်နေ့ကုလားစာ၊ သဘက်ခါကျတော့ တရုတ်စာစသည်ဖြင့်ပြောင်းလဲပြီးတော့ချက်ရင်လည်းလက်ခံတယ်။ဒီကိစ္စမှာသူမကိုလုံးဝလွတ်လပ်ခွင့်ပေး ထားပါတယ်။
  • အ၀တ်လျှော်ရမယ်။မီးပူတိုက်ရမယ်လို့သူမကိုကျွန်တော်ပြောမှာမဟုတ်ပါဘူး။ဒါပေမယ့်ကျွန်တော်ဝတ်တဲ့ အ၀တ်အစားတွေတော့အမြဲတမ်းသန့်ရှင်းသပ်ရပ်နေရမယ်နော်။
  • အိမ်ခန်းကိုသန့်ရှင်းဖို့သူမကိုကျွန်တော်တောင်းဆိုမှာမဟုတ်ပါဘူး။အိမ်ရှင်မကောင်းတစ်ယောက်ဆိုရင် သူမရဲ့အသိစိတ်ဓါတ်နဲ့သူမလုပ်ပါလိမ့်မယ်။
  • လှဲကျင်းလျှော်ဖွတ်ရလို့သူမပင်ပန်းနေပြီဆိုပါစို။အဲဒါဆိုရင်သူမကိုကျွန်တော်အနားယူခိုင်းမယ်။အမေပြေရင် ဆိုတော့မှကျန်တဲ့ပန်းကန်ခွက်ယောက်တွေကိုဆေးခိုင်းမယ်လေ။
  • ဈေးကိုတော့အမြဲအဖော်လိုက်ပေးမယ်။အတူတူသွားမယ်။အသွားမှာဈေးခြင်းတောင်းကိုကျွန်တော်ပဲကိုင် ပေးမယ်။အပြန်ကျမှသူမကိုအလှည့်ပေးမယ်။
  • ကျွန်တော့်သဘောထားနဲ့တိုက်ဆိုင်တာမှန်သမျှသူမပြောတာကိုကျွန်တော်လက်ခံနားထောင်မယ်။
  • သူမရဲ့အသက်ကိုကျွန်တော်တန်ဖိုးထားမယ်။ဒါကြောင့်သူ့လက်ထဲကိုပိုက်ဆံတစ်ပြားမှထည့်ပေးမှာမဟုတ် ပါဘူး။လူဆိုး၊သူခိုးတွေကပေါတယ်မဟုတ်လား။ ငွေရှိရင်အန္တရာယ်များမယ်လေ။
  • ကျွန်တော်ပြောသမျှအမိန့်ကိုနာခံရမယ်လို့ဘယ်တော့မှကျွန်တော်မပြောပါဘူး။ကျွန်တော့်ဆန္ဒတွေဖြည့်ဆည်း ပေးရင်တော်ပါပြီ။မဖြည့်နိုင်ဘူးဆိုရင်လား ............
  • ဒါဆိုနောက်တစ်ယောက်ရှာပါစေပေါ့။ မဟုတ်ဘူးလား။
ကဲ ... စိတ်ဝင်စားတဲ့အမျိုးသမီးများကျွန်တော်နဲ့ဆက်သွယ်နိုင်ပါသည်။

အပြည့်အစုံဖတ်ချင်ရင် နှိပ်လိုက်ပါ...

နာရေးကြော်ငြာ #########

အပြည့်အစုံဖတ်ချင်ရင် နှိပ်လိုက်ပါ...

Friday, September 26, 2008

မွေးနေ့ဆုတောင်းလေးပါ >>>>>><<<<<<

ယနေ့(၂၇.၉.၂၀၀၈)ရက်နေ့ (သောကြာနေ့)တွင်ကျရောက်သော ကျွန်တော့်အချစ်ဆုံးညီမလေး ရှိုင်း၏ အသက်(၂၀)ပြည့်မွေးနေ့မှသည် နောင်နှစ်ပေါင်း(၁၀၀၀)တိုင်အောင်အသက်ရှည်ရှည်နေနိုင်ပြီး။ ဖြစ်ချင်တာ တွေနဲ့ဖြစ်သင့်တာတွေအကုန်လုံးဖြစ်ပါစေ။
ဘုရားသခင်ပြောထားခဲ့တဲ့စကားလေးတစ်ခွန်းကိုစကားလက်ဆောင်ပါးလိုက်ချင်ပါတယ် မွေးနေ့အမှတ်တရ

“ယဉ်ကျေးသော အရာသည် လှည့်စားခြင်းနှင့် ယှဉ်တတ်၏။ လှသော အဆင်းသည်လည်း အချည်နှီးဖြစ်၏။ ထာဝရဘုရားကို ကြောက်ရွံ့သော မိန်းမမူကား၊ ချီးမွမ်းခြင်းကို ခံရလိမ့်မည်။”
(သုတ္တံကျမ်း ၃၁း၃၀)
ထာဝရဘုရားကို ကြောက်ရွံ့မှုပြုခြင်းဖြင့် ထာဝရချီးမွမ်းခြင်းကိုခံရသော မိန်းကလေးတစ်ယောက်ဖြစ်ပါစေဗျာ။

အပြည့်အစုံဖတ်ချင်ရင် နှိပ်လိုက်ပါ...

Gtalk ဦးတည်ချက်(4)ရပ်>>>>>

  • အီစီကလီစိတ်ဓါတ် ရှင်သန်ထက်မြက်ရေး။
  • Chatting ကိုအခြေခံ၍ အခြားဖွန်ကြောင်ခြင်း ကဏ္ဍများဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး။
  • ပြည်တွင်း ပြည်ပမှ ရုပ်ရည်ရှိမိန်းကလေးများအား ဖိတ်ခေါ်(Invite)၍ ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး။
  • ဖြစ်ပေါ်လာသည့်ဆက်ဆံရေးနှင့်အညီခေတ်မှီ၍ရင်ခုန်ဖွယ်ကောင်းသောဇာတ်လမ်းများဆက်လက်ဖန်တီး ရေး။

အပြည့်အစုံဖတ်ချင်ရင် နှိပ်လိုက်ပါ...

ခေတ်သစ်ချစ်ခွင့်တောင်းခြင်း >>>>>

*ချစ်လေး
စိတ်ဆိုးလို့ ကို့ကိုပိတ်ထိုးမယ်ဆိုလဲထိုးပါ
ကိုရှောင်ပေးပါ့မယ်.....
ချစ်လေးရဲ့အချစ်ကိုသာရမယ်ဆိုရင်
Empire State Builing ပေါ်ကလေထီး ခုန်ချရ ခုန်ချရ
Statue of Liberty ပေါ်က Spiderman နဲ့တွယ်တက်ရ တက်ရ
Atalantic Ocean ကို Submarine နဲ့ဖြတ်ကူးရကူးရ
Everest Hill ပေါ်ကိုတွဲဘက်အဆွေတော်မပါဘဲ
Chopper နဲ့တက်ရတက်ရ
Heaven ပေါ်တက်ပြီး ရေခဲရေရောင်းရရောင်းရ
Hell အောက်ဆင်းပြီး ဓာတ်ဆီရောင်းရရောင်းရ
Bronx Zoo ထဲကဆင် Ass ကိုပင်အပ်နဲ့ထိုးရထိုးရ
Amazon တောထဲက Lion ကိုလောက်စာလုံးနဲ့ စော်ရစော်ရ
Japan Sumo မိန်းမပျိုလေးတွေနဲ့ နာပန်းလုံးရင်လုံးခိုင်း
Mr. Bush ကို ဒီမှာငချွတ်-နင်ဟာဖွတ်လို့အော်ရင်အော်ခိုင်း
Jennifer ကို အဆက်အသွယ်ဖြတ်ဆိုလည်းဖြတ်မယ်
Briteny ကို စာမပြန်နဲ့ဆိုလည်းမပြန်ဘူး
အပြစ်တွေလျော့ဖို့ Hip-Hop ပဲဆိုရဆိုရ
အချစ်တွေပေါ့လို့ Rock တွေပဲဟစ်ရဟစ်ရ
Classical Music ကိုအထူးချစ်ပြီး
နားကွဲအောင်နားထောင်ခိုင်းနားထောင်ခိုင်း
အသက်မရှု ပါးစပ်မကူဘဲ စက္ကန့်ဝက်နေဆိုနေပါ့မယ်
မလှုပ်မရှား တစ်မိနစ်နေဆိုနေပါ့မယ်
ချစ်လေးရယ် စိတ်ကိုလျော့၊ ၀ိတ်ကိုလျော့
အမျက်လေးကို ဖြေပါတော့............။

အပြည့်အစုံဖတ်ချင်ရင် နှိပ်လိုက်ပါ...

Thursday, September 25, 2008

ရုံးများတွင်အလုပ်လုပ်သူများအတွက်သတင်းကောင်;လေး >>>

ရုံးများတွင်အလုပ်လုပ်နေသူများအားအလုပ်လုပ်ရင်းနှင့်အိပ်ချင်သည့်စိတ်များပေါ်ပေါက်လာပါကမည်သို့အိပ်ရမည်ကိုအကြံဥာဏ်ကောင်းလေးများပေးလိုပါသည်။ အောက်တွင်ရှုစားကြပါ။ အလုပ်လုပ်ရင်းနှင့်ခိုးအိပ်နိုင်ကြပါစေခင်ဗျာ။





အပြည့်အစုံဖတ်ချင်ရင် နှိပ်လိုက်ပါ...

သွေးအုပ်စု အမျိုးအစားအပေါ်အခြေခံ၍ခွဲခြားနည်းများ ....

သွေးအုပ်စု ..လို့ပြောလိုက်တာနဲ့ ပထမဆုံးပြေးသတိရတာ ကြည့်ဖူးတဲ့ကိုရီးယား ကားထဲက အုပ်စုခွဲပုံလေးပါပဲ။တကယ်လို့ သင်ဟာ သင့်ဇနီး နဲ့ တခြားတစ်ယောက် ဖောက်ပြန်တာ ကို မိမယ်ဆိုပါတော့ သင်ဘာလုပ်ပါမလဲတဲ့။
၁. ဓားဆွဲပြီး တစ်ခါတည်း ပြေးခုတ် လိုက်မယ်
်၂. တံခါးကို ဖွင့်ရကောင်နိုး ချီတုံချတုံ စဉ်းစားနေမယ်
၃. အပေါက် ကနေ အရင်ချောင်းကြည့်လိုက် ဦးမယ်
်၎. ဖုန်းဆက်ပြီး ရဲခေါ်လိုက်မယ်။
ကဲ သင် ဘာကိုရွေးလိုက်ပါသလဲ။
..........
......

၁. ကို ရွေးသူတွေ က အိုသွေးပိုင်ရှင်တွေပါတဲ့။
၂. လို လုပ်နေမယ့် သူတွေက တော့ အေသွေးပါ။
၃. ကတော့ အေဘီ သွေး ပိုင်ရှင်
၎. ကတော့ ဘီသွေးတွေ လုပ်မယ့်ဟာ ပါတဲ့။
ကျွန်မအတွက်လည်း မှန်နေပါတယ်။

နောက် ဖတ်မိတဲ့ သွေးအမျိုးအစားအလိုက် ပုံစံကွဲပြားပုံလေးတွေ..

Type O: ခေတ်နဲ့ အမီလွတ်လပ်ပေါ့ပါးစွာ ဖြတ်သန်းနိုင်သူတွေပါတဲ့။ အပေါင်းအသင်းမင်တယ်။ ယုံကြည်ချက်ပြင်းထန်သူတွေ ဖြစ်တယ်။ လူတွေ ဝိုင်းဂရုစိုက်တဲ့ အသိုင်းအဝိုင်းမျိုးမှာ ပျော်မွေ့နိုင်ကြတယ်။သွေးပူလွယ် စိတ်ပူလွယ်တဲ့ သူတွေဖြစ်တယ်။ သူတို့ကို ရည်ညွှန်းတဲ့ စကားလုံးကတော့ "Hot" ပါတဲ့။သူတို့ ရဲ့  ချစ်စရာကောင်းတဲ့ ကောင်းကွက် လေးတွေက -ကိုယ့်ကိုယ်ကို ယုံကြည်တာ ၊ အကဲဖြတ်နိုင်စွမ်းရှိကြတာ၊ သူငယ်ချင်းလွယ်လွယ်ဖြစ်နိုင်တဲ့ သူမျိုးပေါ့နောက် အလုပ်တစ်ခုကို စတင်ဦးဆောင်လုပ်ဖို့ ဝန်မလေးကြသလို တကယ်လို့ အဲ့အလုပ် က အဆင်မပြေတာ ဖြစ်မယ်ဆိုရင်လည်းသူတို့ ကပထမဆုံး ထွက် မယ့်သူထဲ မှာပါ ပါတယ်တဲ့။ ပတ်ဝန်းကျင် တစ်ခု အခြေအနေတစ်ခုကို လက်ခံကျင့်သုံးဖို့ လွယ်ပါမယ်။အဲဒီလို လွယ်လို့ စိတ်ရောကိုယ်ပါမပါဝင်ဘူးမထင်ပါနဲ့ ၊ တကယ်ကို လှိုက်လှိုက်လှဲလှဲ ပါဝင်လှုပ်ရှားတတ်သူတွေပါ။ဒါကြောင့် risk-takers တွေလို့လည်းဆိုတတ်ပါတယ်။ချစ်သူက အိုသွေး ဆိုရင်တော့ သူတို့ က ရိုမက်တစ် ဖြစ်ပါတယ်တဲ့။ကသိကအောက် ဖြစ်စရာလေးတွေကတော့ -ခေါင်းမာတာ၊ တယူသန်ဆွဲချင်တာ၊ ကိစ္စတစ်ခုကို ဆွေးနွေးဖလှယ် လိုက်ဖို့ဝန်လေးတတ်တာ၊ very proud ပါတဲ့။အကြမ်းဖျင်းအားဖြင့် ကမ္ဘာတဝှမ်းမှာ ၄၄% က အိုသွေး အုပ်စုပါတဲ့ ။

TypeA:အေးဆေးငြိမ်သက်စွာနေတတ်ကြသူတွေဖြစ်လို့ နားလည်မှုတောင်လွဲနိုင်ပါတယ်တဲ့။ယုံကြည်စရာ အကောင်းဆုံးသူတွေ ပါ။ သွေးအုပ်စုအားလုံးထဲမှာ အနုပညာ သွေးအပါဆုံး သူတွေပါတဲ့။ သူတို့အတွက် စကားလုံးက တော့ "Cool" ပါတဲ့။ဘယ် အရာကိုမဆို အသေးစိတ် သတိထားလုပ်ကိုင်ကြ တယ်။ ကိုယ်ချင်းစာတတ်ပြီးကိုယ်ကျိုးစွန့် တတ်သူတွေပါ။ချစ်သူက အေသွေးဆိုရင်တော့ သူတို့က ရိုးသားပြီး သစ္စာကြီးသူတွေပါ။ ယုံကြည်ချက်တွေကို ဖလှယ်ဖို့ ဝန်မလေးတတ်သူတွေ ဖြစ်သလို emotional ဖြစ်တတ်သူမို့ဆုံးဖြတ်ချက် မပြတ်သားတတ်သူတွေပါတဲ့။ စိတ်အလွန်ပူတတ်သူတွေဖြစ်လို့ unable to relaxလို့ဆိုကြတယ်။လိုက်လျောညီထွေဆက်ဆံလိုက်ရဖို့ဆို နေမကောင်းဖြစ်ချင်သူတွေဖြစ်တယ်။အပြောင်းအလဲလုပ်ရမှာ ဝန်လေးတယ်။လူထူထူ မှာသူတို့ကို တွေ့ရဖို့ခဲယဉ်းတယ်နော်။ ၄၀% လောက် မှာ အေသွေး ကို ပိုင်ဆိုင်ထားကြပါတယ်။

Type B: ဦးတည်ချက်တစ်ခုထားပြီး အာရုံစိုက်လုပ်ကိုင်တတ်သူတွေပါတဲ့။ စမိပြီဆို အဆုံးထိ သေချာပြီးမြောက်အောင်လုပ်ဖို့ အားသန်သူတွေပါ။သူတို့ကို မြင်တာတဲ့ မှတ်ချက်ချမိ မှာက တော့ "Active" ဆိုတာပါ။ သွက်လက်တယ်။ ကြင်နာတယ်။တဘက်မှာလည်း မေ့လွယ်တာ ၊ ပွဲဆူအောင်လုပ်တတ်တာ၊ အဆက်မပြတ် လှုပ်ရှားနေတတ်လေ့ရှိတော့ မျက်စိနောက်စရာလေးတွေပေါ့နော်။အတ္တကြီးတတ်သူတွေလို့ဆိုကြတယ်။ တကိုယ်တည်းနေရတာကို ကြိုက်တယ်။ ကိုယ်လုပ်နေတဲ့ အရာတစ်ခုကို ပဲ စိတ်ဝင်စားလေ့ရှိတော့ဘေးပတ်ဝန်းကျင်ကို သိပ်ဂရုမထားတဲ့ သူတွေပါတဲ့။
Advantages: cheerful, outgoing, optimistic, adventurous, active, sensitive, kind. Disadvantages: forgetful, undecided, disorganized, noisy, spontaneous, prone to exaggeration.
Type B က ၁၁% ပဲရှိပါတယ်

Type AB: ကတော့ သွေးအုပ်စု ၂ ခုနှောနေတဲ့အတွက် personality ၂မျိုးရှိတတ်သူတွေပါတဲ့။သူတို့ က ကူညီတတ်တယ် ။ တခါတလေလည်း ဖော်ဖော်ရွေရွေနေတတ်မယ်။ တခါတလေလည်း ရှက်သလိုလိုဖြစ်နေမယ်ဆိုတဲ့ပြောင်းပြန် စရိုက်လေးတွေ ယှဉ်တွဲရှိတတ်သူပါ။ သူတို့ကို "Care-free" လို့ပြောကြတယ်။ ခန့်မှန်းလို့မရတဲ့ ပုံစံ ဖြစ်နေတတ်တယ်။သူတို့ဘာလုပ်လုပ်အောင်မြင်တတ်ကြတယ်။ ဘာလို့လည်းဆို သူတို့က flexible အလွန်ဖြစ်တယ်ဆိုတယ်။ တခုခု လုပ်မယ်ဆိုရင်စီးပွားရေးဘက် ကကော ပတ်ဝန်းကျင် ကကော ဗေဒင် နက္ခတ်တွေ က အစထည့်သွင်းစဉ်းစားလေ့ရှိကြတယ်။အနုပညာမှာ လည်းထူးချွန်လေ့ရှိတယ်။ကမ္ဘာလူဦးရေရဲ့  ၄% ပဲရှိတတ်တယ်။

Compatability by Blood Groups:
A is most compatible with A and AB
B is most compatible with B and AB
AB is most compatible with AB, B, A and O
O is most compatible with O, and AB

အားလုံးဖတ်ပြီးသွားပါက မိမိကိုယ်မိမိသွေးအမျိုးအစားခွဲခြားဆုံးဖြတ်ပါခင်ဗျာ။

အပြည့်အစုံဖတ်ချင်ရင် နှိပ်လိုက်ပါ...

Friday, September 19, 2008

ပုစဉ်းတစ်ကောင်ရဲ့ရာဇ၀င် >>>><<<<

အေးချမ်းတဲ့ မြို့လေးတစ်မြို့မှာ တစ်ဦးကိုတစ်ဦး အရမ်းချစ်ကြတဲ့ချစ်သူနှစ်ဦးရှိတယ်။ သူတို့ဟာ အမြဲမခွါ တစ်တွဲတွဲပဲ နေ့တိုင်း ပင်လယ်ဘေးကို သွားပြီး နေထွက်၊ နေ၀င်ချိန်ကို သွားကြည့်ကြတယ်။ သူတို့ကမြင်သူတကာ အားကျတဲ့ စုံတွဲလေးပါ။

ဒါပေမဲ့တစ်နေ့မှာမတော်တဆကားတိုက်မှုကြောင့်ကောင်မလေးအပြင်းအထန်ထိခိုက်ဒဏ်ရာရပြီး မေ့မျှောသွားခဲ့တယ်။ အိပ်ရာထဲမှာပဲငြိမ်သက်စွာလဲလျောင်းနေရတယ်။နေ့ဖက်ဆိုရင်ကောင်လေးကကောင်မလေးနားမှာနေပြီးသူ့နာမည်ကို တတွတ်တွတ်ရွတ်ခေါ်တယ်။ညဖက်ဆိုရင် ဘုရားကျောင်းသွားပြီး ကောင်မလေးကျန်းမာလာစေဖို့ဘုရားသခင်ထံဆု တောင်းတယ်။အချိန်တွေတဖြေးဖြေးကုန်လွန်သွားခဲ့ပြီးကောင်လေးခမျာငိုရလွန်းလို့မျက်ရည်တွေတောင်ခမ်းလုနီးနေပြီ။ ကောင်မလေးကမေ့မျှောနေဆဲပဲ။ဒါပေမဲ့ကောင်လေးလက်မလျှော့ခဲ့ဘူး။ဘုရားသခင်ထံ ဆုတောင်းမြဲ ဆုတောင်းတယ်။
ဒီလိုနဲ့တစ်ညမှာဘုရားသခင်ကကောင်လေးရဲ့မလျှော့တဲ့ဇွဲနဲ့ကောင်မလေးအပေါ်ထားတဲ့မေတ္တာတရားကြောင့် သူ့အပေါ် သနားသက်ဝင်ပြီးမျှော်လင့်ချက်တစ်ခုပေးလိုက်တယ်။ဘုရားသခင်ကကောင်လေးကိုကောင်မလေးရဲ့အသက်ကိုကိုယ့်ဘ၀နဲ့လှဲလှယ်နိုင်မလား"လို့မေးတယ်။ကောင်လေးကတွေဝေမနေဘဲ လှဲလှယ်နိုင်ကြောင်း ချက်ချင်းပြန်ဖြေတယ်။
"ဒါဆိုကောင်းပြီ။ကောင်မလေးအမြန်နှိုးလာဖို့အသင်ပုစဉ်းဘ၀နဲ့သုံးနှစ်အသွင်ပြောင်းရမယ်။ သဘောတူနိုင်လား" လို့ ဘုရားသခင်ကမေးပြန်တယ်။ကောင်လေးက မဆိုင်းမတွဘဲ သဘောတူကြောင်း ချက်ချင်း ပြန်ဖြေလိုက်တယ်။
မိုးလင်းတာနဲ့ကောင်လေးဟာပုစဉ်းတစ်ကောင်အသွင်ပြောင်းသွားခဲ့တယ်။ပုစဉ်းလေးက ဆေးရုံဖက်ကို အလျှင်အမြန် ပျံလာတယ်။လူနာခန်းထဲဝင်ကြည့်တော့ကောင်မလေးက နှိုးနေပြီး ဆရာဝန်တစ်ဦးနဲ့ စကားပြောနေတာကို တွေ့တယ်။
သူတို့ပြောနေတာတွေကိုပုစဉ်းကမကြားရဘူး။တစ်ပတ်၊နှစ်ပတ်နေတော့ကောင်မလေးကျန်းမာလာပြီးဆေးရုံကဆင်းခဲ့တယ်။ဒါပေမဲ့သူမပျော်ဘူး။နေရာအနှံ့ကောင်လေးကိုလိုက်စုံစမ်းတယ်၊လိုက်ရှာတယ်။ကောင်လေးဘယ်ပျောက်သွားမှန်ဘယ်သူမှမသိကြဘူး။ကောင်လေးကပုစဉ်းအသွင်နဲ့ကောင်မလေးဘေးမှာရစ်ဝဲပျံသန်းနေပေမဲ့ကောင်မလေးကိုသူခေါ်လို့မရဘူး။ပွေ့ဖက်လို့မရဘူး။ကောင်မလေးကိုပဲငေးစိုက်ကြည့်နေခဲ့ရတယ်။
ဒီလိုနဲ့နွေရက်တွေတဖြေးဖြေးကုန်လွန်ပြီးဆောင်းဦးကိုရောက်လာခဲ့တယ်။ ဆောင်းလေညင်းတွေကြောင့် သစ်ရွက်တွေ တဖြုတ်ဖြုတ်ကြွေကုန်တယ်။ပုစဉ်းဒီနေရာကခွာရတော့မယ်။နောက်ဆုံးအကြိမ်အဖြင့်ကောင်မလေးရဲ့ပုခုံးထက်နားကို သူအရဲစွန့်ပြီးသွားနားလိုက်တယ်။နူးညံ့တဲ့တောင်ပံနဲ့ကောင်မလေးရဲ့ ပါးပြင်ကို ထိလိုက်တယ်။ သေးငယ်တဲ့ ပါးစပ်နဲ့ ကောင်မလေးရဲ့ပုခုံးသားကိုရှိုက်နမ်းလိုက်တယ်။ကောင်မလေးသတိမထားမိခင်မှာသူတိတ်တဆိတ်ထပျံလာခဲ့တယ်။
မျက်စိတမှိတ်အတွင်းမှာပဲနွေဦးရာသီကိုရောက်လာခဲ့တယ်။နွေရောက်တာနဲ့ချက်ချင်းပဲ ပုစဉ်းဟာ ကောင်မလေးနားကို အရောက်ပျံသန်းလာခဲ့တယ်။ဒါပေမဲ့သူရင်းနှီးတဲ့ကောင်မလေးရဲ့ဘေးမှာ ခန့်ညားတဲ့ သူစိမ်းကောင်လေးတစ်ယောက်ကို
သူတွေ့လိုက်တော့ပျံသန်းနေတဲ့သူ့တောင်ပံတွေလေဟာနယ်တ၀က်တပျက်မှာအရပ်တန့်ခံလိုက်ရတယ်။
လူတွေကကောင်မလေးကားတိုက်ခံရတာဒဏ်ရာတွေဘယ်လောက်ပြင်းထန်ကြောင်း၊ဒဏ်ရာတွေကိုကုသပေးတဲ့ဆရာဝန်ဟာကောင်မလေးအပေါ်ဘယ်လောက်ဂရုစိုက်ကြောင်း၊သူတို့ရဲအချစ်တွေကစံတင်ထိုက်တဲ့အကြောင်း၊ကောင်မလေး ဘ၀ကအရင်လိုပျော်ရွှင်ချမ်းမြေ့နေပြီဖြစ်တဲ့အကြောင်းပြောသံတွေကိုပုစဉ်းကြားလိုက်ရတယ်။ပုစဉ်းရင်ကွဲရပြန်တယ်။ ဆရာဝန်ကောင်လေးနဲ့ကောင်မလေးပင်လယ်ဘေးသွားပြီးနေ၀င်၊နေထွက်ကြည့်တာကိုသူအမြဲတွေ့နေရပေမဲ့တစ်ခါတလေကောင်မလေးရဲ့ပုခုံးထက်မှာခဏသွားနားတာကလွဲလို့သူဘာမှမတတ်နိုင်ခဲ့ဘူး။
ပုစဉ်းလေးဟာရင်ထဲကဝေဒနာတွေကိုကြိတ်မှိတ်ခံစားရင်ဒီနှစ်နွေဟာခါတိုင်းနွေထက်ပိုရှည်လျှားနေတယ်လို့ထင်မိတယ်။ကောင်မလေးနားမှာရစ်ဝဲပျံသန်းဖို့လည်းသူမှာခွန်အားတွေဆုတ်လျော့နေတယ်။ဆရာဝန်ကောင်လေးနဲ့ကောင်မ လေးရဲ့တီးတိုးစကားပြောသံနဲ့ရယ်သံတွေကသူ့ကိုအသက်ရှုကျပ်စေတယ်။
သုံးနှစ်မြောက်နွေရာသီမှာတော့ပုစဉ်းဟာကောင်မလေးကိုခဏခဏသွားမကြည့်တော့ဘူး။သူနားနေကျကောင်မလေးရဲ့ ပုခုံးကိုဆရာဝန်ကောင်လေးကတင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားတယ်။ သူ့တောင်ပံနဲ့ ထိနေကျ ကောင်မလေးရဲ့
ပါးပြင်ဟာလည်းဆရာဝန်ကောင်လေးကတယုတယနမ်းနေတယ်။ပုစဉ်းရင်ကွဲတစ်ကောင်ကသူ့တို့ဘေးမှာရစ်ဝဲနေတယ်ဆိုတာကိုချစ်တင်းနှောပြီးကြည်နှုးနေတဲ့သူတို့နှစ်ယောက် သတိထားမိမှာ မဟုတ်ဘူး။ ကောင်မလေးကလည်း အတိတ်ဆိုတာကိုလုံးဝသတိမေ့သွားခဲ့ပြီလေ။သတ်မှတ်ထားတဲ့ (၃)နှစ်ဆိုတဲ့ အချိန်ကိုရောက်ဖို့ တစ်ရက်အလိုမှာ
ကောင်မလေးနဲ့ဆရာဝန်ကောင်လေးတို့လက်ထပ်လိုက်ကြတယ်။ဘုရားကျောင်းထဲသူပျံဝင်ပြီးကောင်မလေးရဲ့ပုခုံးထက်မှာနားလိုက်တယ်။ကောင်မလေးနဲ့ဆရာဝန်ကောင်လေးရဲ့ဘုရားသခင်ထံသစ္စာခံယူနေတဲ့ အသံကို သူကြားလိုက်တယ်။
ဆရာဝန်ကောင်လေးကကောင်မလေးရဲ့လက်ကိုလက်ထပ်လက်စွပ်စွပ်ပေးပြီးနမ်းလိုက်တာကို သူငေးကြည့်နေမိတယ်။ သူ့ပါးပြင်ငယ်ပေါ်မှာမျက်ရည်တွေစီးကျလာခဲ့တယ်။

"အသင်နောင်တရပြီလား"ဘုရားသခင်ကပုစဉ်းကိုမေးတယ်။
"နောင်တလုံးဝမရပါဘူး"မျက်ရည်တွေကိုသုတ်ရင်းသူပြန်ဖြေတယ်။
"မနက်ဖြန်ဆိုလူ့ဘ၀အသွင်ပြောင်းလို့ရပြီ"ဘုရားသခင်ကပြောတော့ပုစဉ်းကခေါင်းခါပြီး"ပုစဉ်းအဖြစ်နဲ့ကျွန်တော်တစ်သက်လုံးနေပါရစေတော့။တစ်ချို့ကံတရားကလက်လွတ်ဆုံးရှုံးဖို့စီရင်လာပြီးသားပါ။တစ်ချို့ဖူးစာကပေါင်းစပ်ဖို့ကံပါမလာခဲ့ဘူး။လူတစ်ယောက်ကိုချစ်တာရယူပိုင်ဆိုင်မှမဟုတ်ပါဘူး။ ဒါပေမဲ့လူတစ်ယောက်ကိုရယူပိုင်ဆိုင်ပြီးရင်တော့
ကောင်းကောင်းတန်ဖိုးထားချစ်တတ်ရမယ်"
သင့်ရဲ့ပုခုံးပေါ်မှာရောပုစဉ်းလေးတစ်ကောင်နားခဲ့ဖူးသလား....?
သင်ကော ပုစဉ်းလေးတစ်ကောင် ဖြစ်ခဲ့ဖူးသလား......?
ကျွန်တော်တော့် ပုစဉ်းတစ်ကောင်ဖြစ်ဖူးခဲ့ချင်ကောင်းဖြစ်လိမ့်မယ်။ အခုလဲဖြစ်ချင်ဖြစ်နေမယ်။

အပြည့်အစုံဖတ်ချင်ရင် နှိပ်လိုက်ပါ...

စိတ်ကူးရှိရာများ >>>>><<<<<<<


ဒီနေ့အရမ်းပျင်းနေတယ်ဗျာ။ ဘာလုပ်ရမှန်းလဲမသိဘူး။ လုပ်စရာအလုပ်တွေတော့ရှိပါတယ် ဒါပေမယ့်အရမ်း ပျင်းလွန်းနေတာကခက်တယ်။ အဲဒါကြောင့်ဒါလေးကိုချရေးလိုက်တာ။ အဟဲ။ ကျွန်တော့်ဘလော့ကိုလာလည်တဲ့ သူတွေမဖတ်ချင်ဖတ်ချင်လေးနဲ့ ဖတ်ပေးကြပါဗျာ။ ကျွန်တော်အိမ်ကိုအရမ်းသတိရနေတယ်ဗျ။ အိမ်ကထွက်လာ တာ(၂)နှစ်ပြည့်တော့မယ်။ အိမ်ကိုအရမ်းပြန်ချင်တယ်။ အမေ့ကိုလဲသတိရတယ်ပေါ့လေ။ အဲဒါနဲ့ပဲကျွန်တော် တစ်ခုလုပ်မယ်လို့ဆုံးဖြတ်ချက်ချလိုက်တယ်။ ဘလော့ရေးချင်တဲ့ညီအစ်ကိုမောင်နှမတွေက ဘလော့ရေးချင်ရင် အလှအပလေးတွေတန်ဆာဆင်ဖို့အတွက် (ကိုရန်အောင်)တို့ဘာတို့ပေါ့လေ ဘလော့ဂါတွေတင်ပေးထားတဲ့ ကုဒ်တွေကိုလိုက်ရှာပြီး အလှဆင်ကြရတယ်။ အင်း ... ကျွန်တော့်တုန်းကလဲဒီလိုပဲဗျ ..

ကျွန်တော်နောက်ထပ်ဘလော့လေးတစ်ခုဖွင့်ပေးမယ်ဗျာ။အားလုံးအတွက်ပေါ့လေ၊အားလုံးသောဘလောဂါလေး တွေရောဘလောဂါကြီး တွေရောဆိုဒ်စုံအတွက်ပေါ့လေ။အားလုံးအဆင်ပြေပြေနဲ့ကုဒ်တွေကိုတစ်နေရာတည်းမှာ ရှာလို့ရအောင်ကျွန်တော်လုပ်ပေးပါ့မယ်လို့ ကတိပေးလိုက်ပြီဗျာ။ ကဲမကြာမီလာမည်မျှော်ပေါ့။ ဟုတ်ပြီလား။

အပြည့်အစုံဖတ်ချင်ရင် နှိပ်လိုက်ပါ...

Thursday, September 18, 2008

လွမ်းနေတဲ့ရင်ခွင် >>>>>

ချစ်သူရှိတဲ့
နင်ကိုမှ စွဲလန်းခဲ့တဲ့ငါ့မှာပဲ
အပြစ်ရှိလား........
ဒါပေမဲ့
ငါ ဒီအပြစ်အတွက် ကျေနပ်တယ်.............
မရနိုင်ပဲ သိပေမဲ့
မျှော်လင့်နေဆဲပဲလေ
ငါကမင်းကို ချစ်နေတာကို......
အသိတစ်ချက်လစ်ခဲ့တဲ့
နင်ရဲ့ အကြည်တစ်ချက်မှာ
ငါကျရှုံးခဲ့လို့ ငါ့နှလုံးသားဆုံးခဲ့ရလဲ
ငါ ကျေနပ်တယ်........
မလာနိုင်ပဲ သိပေမဲ့
ငါ့ရင်ခွင်ကမင်းကို ကြိုဆိုနေခဲ့တယ်....
ငါ့ ငိုနေလဲ ကြိုနေမဲ
မင်းမှ မသိခဲ့တာပဲ
ငါဘာသာပဲ ဆက်ချစ်ပြီး
လွမ်းနေတော့မယ်.....................

အပြည့်အစုံဖတ်ချင်ရင် နှိပ်လိုက်ပါ...

ချစ်သူနဲ့သာဆိုရင် .....

အယူတိမ်းလို့
နတ်စိမ်းဖြစ်ချင်ဖြစ် ...
အယူမှားလို့
ငရဲသားဖြစ်ဖြစ် ...
နိဗ္မာန်ဆိုတဲ့
ခရီးတာမနီးပါရင်လည်း ...
သံသရာတခွင်
ကြင်နာချင်သည်
ရှည်ကြာချင်သလောက်ကြာ




မှတ်ချက်။ ကျွန်တော်အရမ်းချစ်သောမိန်းကလေးတစ်ယောက်အားရည်ရွယ်ပါသည်။











အပြည့်အစုံဖတ်ချင်ရင် နှိပ်လိုက်ပါ...

ကျွန်တော်ချစ်သော ........

ငါ အရမ်းချစ်တဲ့ မင်းက
"ငါ မင်းကို မချစ်ဘူး"တဲ့ ...
အဲဒီနောက်ပိုင်း -
ငါ့ကိုငါလည်း မချစ်တတ်တော့ဘူး ...
ဟော့ဒီ့ လောကကြီးထဲမှာ
အချစ်ဆိုတာ ရှိလို့လား ?????
ဒါမှမဟုတ်
ငါ့ အတွက် မဟုတ်ပဲ
အခြားသူတွေ အတွက်ပဲ ဖြစ်နေတာလား ???
ငါကိုယ်တိုင်က ရှာမတွေ့တာလား ???
ရှာနေရင်းနဲ့ မတွေ့တာလား ???
မတွေ့တာကိုပဲ ရှာနေမိတာလား ???



ဒီလိုနဲ့ပဲ ....................
ငါ တစ်ယောက်တည်း ဆောင်းတွင်းဆန်ဆန်
မိုးလင်းအိပ်မက်တွေထဲမှာပဲ
ကျင်လည်နေမိတယ် ...

အချစ်တစ်ခုကို မပိုင်ဆိုင်နိုင်ရုံလေးနဲ့
ယိုင်တိုင်တိုင်အတွေးအခေါ်တွေကို မွေးမြူပြီး
အဆွေးလူသားတစ်ယောက်အဖြစ်
မင်း ငါ့ကို နှစ်ပစ်တော့မှာလား.
အချစ်ဆိုတာ ရင်ထဲမှာ တစ်ခါသာ ဖြစ်နိုင်သလို
တစ်ခါထက်လည်း ပိုဖြစ်နိုင်ပါတယ်.
ဒါပေမယ့်
ဘ၀ဆိုတာကတော့ ရေနှစ်ခါပြန်ချိုးခွင့်ပြုထားတဲ့
မြစ်တစ်စင်းမဟုတ်ခဲ့ဘူးလေ.

အပြည့်အစုံဖတ်ချင်ရင် နှိပ်လိုက်ပါ...

ချစ်သူအတွက်

မိုးသည်းသည်းဖွဲကျတဲ့ည
မင်းကိုခဏပိုင်ဆိုင်လိုက်ရတယ်
တရားတယ် မတရားဘူး ငါမတွေးဘူးနော်
မင်းကိုလုယူခဲ့ရလို့ပဲဖြစ်ဖြစ်
မင်းရင်ခွင်ထဲမှာ တဒင်္ဂမိန်းမောခွင့်ရတဲ့ ခဏ
ငါ့ဘ၀မင်းကိုပေးဆပ်ဖို့ အသင့်ဖြစ်နေပြန်တယ်
ငါ့နှုတ်ခမ်းသားတွေ ကြေလုတဲ့အထိ
အနမ်းရိုင်းတွေ
ကြမ်းတမ်းတဲ့ မင်းရဲ့ ပွေ့ပိုက်မှုတွေ
ငါ့ဆံနွယ်တွေကြားက မင်းလက်ချောင်းတွေ
မညှာတာတဲ့မင်းရဲ့ လှုပ်ရှားမှုတစ်ခုစီတိုင်း
ငါမျောလွင့်ရင်း
ဂန္တ၀င်မဆန်တဲ့ ငါ့ကကွက်တွေပြိုကျ
ငါဟာ အသည်းခိုးသူ တယောက်ဆိုလဲ
ငါ့ကျောပြင်ပေါ်က မင်းရဲ့ပွတ်သတ်မှုနဲ့
လဲလှယ်လိုက်တယ်
အိစက်ညက်ညောတဲ့
အဖြူရောင်အ၀တ်စတွေအပေါ်
အဆိပ်သင့်ထားတဲ့ ငါ့စိတ်တွေ
မင်းအထိနဲ့အတွေ့ကြားမှာပျော်ဝင်
မင်းဘက်က အချစ်စစ်မဟုတ်မှန်းသိလျှက်
ငါ့ကိုမင်းပူလောင်မှုက ခြယ်လှယ်
ငါအပြစ်မဆိုသာအောင် ကျေနပ်နေမိတယ်
ငါ့ရင်ဘတ်နဲ့လည်ဂုတ်ပေါ်မှာ
မင်းရဲ့ဝိုင်ရနံ့တွေ ဆွတ်ပျံ
ဒီမိုးကြမ်းတဲ့ တစ်ည
မင်းရင်ခွင်ထဲ နွေးထွေးမှုမပါဘဲ
ခဏမိုက်ခဲ့တယ် ...
ငါက ဘ၀နဲ့ရင်းပြီး ချစ်ခဲ့ရသူလေ ...
PS>>> ဒီကဗျာလေးရဲ့မူရင်းပိုင်ရှင်က ရှိုင်းဆိုတဲ့ကောင်မလေးတစ်ယောက်ပါ။ သူ့ဆီကနေတောင်းပြီး တင်ထားတာပါ။

အပြည့်အစုံဖတ်ချင်ရင် နှိပ်လိုက်ပါ...

Friday, September 5, 2008

IF (or) အကယ်၍

အင်္ဂလိပ်မြန်မာ(၂)ဘာသာဖြင့်ရေးသားထားပါသည်။
If you can keep your head when all about you
Are losing theirs and blaming it on you,
If you can trust yourself when all men doubt you
But make allowance for their doubting too,
If you can wait and not be tired by waiting,
Or being lied about, don't deal in lies,
Or being hated, don't give way to hating,
And yet don't look too good, nor talk too wise:
If you can dream--and not make dreams your master,
If you can think--and not make thoughts your aim;
If you can meet with Triumph and Disaster
And treat those two impostors just the same;
If you can bear to hear the truth you've spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to, broken,
And stoop and build 'em up with worn-out tools:

If you can make one heap of all your winnings
And risk it all on one turn of pitch-and-toss,
And lose, and start again at your beginnings
And never breath a word about your loss;
If you can force your heart and nerve and sinew
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: "Hold on!"
If you can talk with crowds and keep your virtue,
Or walk with kings--nor lose the common touch,
If neither foes nor loving friends can hurt you;
If all men count with you, but none too much,
If you can fill the unforgiving minute
With sixty seconds' worth of distance run,
Yours is the Earth and everything that's in it,
And--which is more--you'll be a Man, my son!

အကယ်၍
မင်းအသိုင်းအ၀ိုင်းက တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ မင်းကြောင့်ကို ၀ိုင်းဝန်းပြစ်တင်ကြတဲ့အခါ
မင်းဟာ ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင် .....
အကယ်၍
အားလုံးကမင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကို နားလည်းစွာ ခွင့်လွှတ်ရင်းနဲ့
မင်းကိုမင်း ယုံကြည်မှု အပြည့်ရှိမယ်ဆိုရင် …..
အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်ပြီး
အဲဒီအတွက်လည်း မမောမပန်းနေနိုင်မယ်ဆိုရင် …..
ဒါမှမဟုတ်
မင်းရဲ့အကြောင်း မဟုတ်တရားမုသား စကားကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင် …..
ဒါမှမဟုတ်
မင်းကိုလူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းဟာ အမုန်းတွေ ပြန်မပွားဘူးဆိုရင် …..
ပြီးတော့
မင်းကိုမင်း လူတော်တစ်ယောက်လို့မမြင်ပဲ
ပညာရှိ စကားတွေလည်း မပြောဘူးဆိုရင …..်
အကယ်၍
စိတ်ကူးယဉ် အိမ်မက်တွေဟာ
မင်းအပေါ်မလွှမ်းမိုးစေပဲ စိတ်ကူးနိုင်မယ်ဆိုရင် …..
ပြီးတော့
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက် မဖြစ်ပဲတွေးခေါ်နိုင်မယ်ဆိုရင် …..
အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရုံးမှု ဒုက္ခတွေကို ကြုံတွေရတဲ့အခါ
တူညီသော လောကဓံတရားတွေရယ်ပါလားလို့ ခံယူနိုင်မယ်ဆိုရင် …..
အကယ်၍
မင်းရဲ့ အမှန်တရားတွေကို
လူလိမ်လူညစ်တွေက လှည်းစားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ
မင်းဟာ တည်းငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင် …..
ဒါမှမဟုတ်
မင်းဘ၀တစ်ခုလုံးပေးပြီး အရိပ်တကြည့်ကြည့်နဲ့
ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်မှာ
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင် …..
အကယ်၍
မင်းနိုင်ခဲ့သမျှတွေ အားလုံးဟာ
ကြွေတလှည့် ကြက်တခုန်ပမာ တလှည့်တခါထဲနဲ့ ဆုံးရုံးသွားခဲ့ရင် …..
ပြီးတော့
အစကနေပြန်စနိုင်မယ်ဆိုရင် …..
ပြီးတော့တစ်ခါ
ဆိုးလှတဲ့ ကြမ္မာရယ်လို့
ဘယ်တော့မှ မညည်းညူမနေဘူးဆိုရင် …..
အကယ်၍
သူများတကာလုပ်သွားပြီးကြလို့ အချိန်အတော်ကြာမှ
မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတစ်ယောက်ထဲပဲ
အားနဲ့ မာန်နဲ့ ဇွဲရှိရှိ ဆက်ကြိုးစားနိုင်မယ်ဆိုရင် …..
အဲဒီလိုပဲ
မင်းမှာစိတ်ဓာတ်အင်းအားတွေကလွဲလို့ ဘာဆိုဘာမှမရှိတော့တဲ့အချိန်
အဲဒီစိတ်ဓာတ်အင်းအားကို
ခိုင်မာစွာနဲ့ပဲ ဆက်လက်ဆုတ်ကိုင်ထားနိုင်းမယ်ဆိုရင် …..
အကယ်၍
လူတွေနဲ့ ထိတွေပြောဆိုဆက်ဆံတဲအခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင် …..
ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့အတူ လမ်းလျှောက်နေပေမယ့်
မာန်မာနသွေးမကြွဘူးဆိုရင် …..
အကယ်၍
ရန်သူဖြစ်စေ မိတ်ဆွေဖြစ်စေ
မင်းကို သိပ်ပြီး နာကြည်းအောင် မလုပ်စေနိုင်ရင် …..
အကယ်၍
လူတိုင်းကို တန်ဖိုးထားလေးစားရပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင် …..
အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ် အတွင်းမှာ
အဓိပ္ပယ်ရှိတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ်
အသုံးချနိုင်မယ်ဆိုရင် …..
ငါ့သားရေ
မင်းဟာ အရာရာကိုရှိတဲ့ အရာရာဖြစ်တဲ့
ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့
အဲဒီတော့ မင်းဟာလဲ
ယောကျာင်္ကောင်း တစ်ယောက်ပဲပေါ့ …..

အပြည့်အစုံဖတ်ချင်ရင် နှိပ်လိုက်ပါ...

Tuesday, September 2, 2008

ချစ်သူသို့တမ်းချင်း

ချစ်သူ.......................
မြန်မာပြည်မာ H5N1 ဖြစ်တုန်းက
ငါဟာမကြောက်ရွံခဲ့ပါဘူး ။ ။
ကြက်သားကိုရှောင် ဆေးစစ်အောင်ခဲ့ပါတယ် ချစ်သူ..................

ဘတ်(စ်)ကားခတွေဈေးတက်လို့ လည်း
စိတ်မပျက်ခဲ့ပါဘူး ။ ။
တက်ပြီးပြန်မကျ ဘတ်(စ်)ကားခဆိုပြီး
နှလုံးသွင်းနိုင်ခဲ့ပါတယ် ချစ်သူ.............

gtalk banned ခံရလို့ လည်း
နောက်မဆုတ်ခဲ့ပါဘူး ။ ။
ကွေ့ ပတ်ရှောင်ရှား freedom အားနဲ့ 
chatting စွမ်းအားတက်စေခဲ့ပါတယ် ချစ်သူ................

chatting အမျိုးမျိုးနဲ့ 
နေ့ မအားညမအား အလုပ်များနေတဲ့နင့်ကို
ဘ၀တူဆိုတဲ့ခံစားချက်နဲ့ 
လျစ်လျူရှုနိုင်ခဲ့ပါတယ် ချစ်သူ.......................

နင် online မှာရှိနေမယ်ဆို
power တွေတက်ခါးတွေမျက်နေလည်း
အငတ်ငတ်အပြတ်ပြတ်နဲ့ 
ဆက် chat နေပါ့မယ် ချစ်သူ.....................

မ chat ရင် မနေနိုင်တာကလွဲလို့ 
မကောင်းမှုဟူသမျှအကုန်လုပ်တတ်တဲ့ငါ့ကို
နင့်ရဲ့ဘ၀ထဲက
ဆွဲမထုတ်လိုက်ပါနဲ့ ချစ်သူ..............

chatting thesis နဲ့  Internet course မှာ
solid distinction ရခဲ့တဲ့ နင်ရဲ့ကျွမ်းကျင်မှုကို
account အမျိုးမျိုးနဲ့ စမ်သပ်ခဲ့မိတဲ့ ငါ့ရဲ့ IP address ကို
ရက်ရက်စက်စက်နဲ့ မစစ်ဆေးချင်ပါနဲ့  ချစ်သူ................

နင့်ကို chat ပြီးချစ်ခဲ့တာပါ နှပ်ပြီးချစ်ခဲ့တာမဟုတ်လို့ 
နင့်ရဲ့ talkey တွေအောက် ပြားပြားမှောက်ခဲ့တဲ့
ငါ့ရဲ့နှလုံးသားကို
ဒုတိယအကြိမ် ပြန်အသက်သွင်းပေးပါအုံး ချစ်သူ................

မထွက်ချင်ပေမဲ့ အသက်ငင်နေတဲ့
ငါ့ရဲ့နှလုံးသားကို
အလျင်စလို delete မခေါက်လိုက်ပါနဲ့  ချစ်သူ...............

ငါဟာငါ register လုပ်ခဲ့ပြီး
ငါဟာငါမေ့နေတဲ့ ငါ့နှလုံးသား password ကို
နင်တစ်ယောက်ထဲသိပါတယ် ချစ်သူ.....................

ကျေးဇူးရှင် chat senior များရဲ့
သွန်သင်ဆုံးမမှုကိုနားယောင်ပြီး firewall အထပ်ထပ်ခံထားတဲ့
နင့်ရဲ့နှလုံးသားကိုလည်း
ငါ hack လုပ်လို့ မရခဲ့ပါဘူး ချစ်သူ..............

ချစ်သူ..............
တကယ်တော့..............
ငါဟာနင့်ရဲ့ဘ၀ထဲကို
လိုင်စင်မဲ့နှလုံးသားတစ်ခု တင်သွင်းဖို့ ကြိုးစားခဲ့တဲ့လူလေ ။ ။

အပြည့်အစုံဖတ်ချင်ရင် နှိပ်လိုက်ပါ...