Tuesday, November 25, 2008

ဖိတ်ခေါ်ခြင်း

အားလုံးသောညီအစ်ကိုမောင်နှစ်မများခင်ဗျား။ ကျွန်တော့်ဝါးပရက်စ်လေးကို စတင်လိုက်ပါပြီ။
http://breezes.isgreat.org
မှာဝင်ရောက်ကြည့်ရှုအားပေးနိုင်ပါပြီခင်ဗျာ။ ကျွန်တော် ဘလော့ဘက်ကိုသိပ်ခြေဦးလှည့်နိုင်တော့မယ် မထင်တော့လို့ပါ။ အသစ်ချိန်းလိုက်တဲ့ဆိုဒ်လေးကိုပဲ လာရောက်အားပေးကြပါခင်ဗျာ။

အပြည့်အစုံဖတ်ချင်ရင် နှိပ်လိုက်ပါ...

တောင်းပန်ခြင်း

အားလုံးသောညီအစ်ကိုမောင်နှမများခင်ဗျာ။ ကျွန်တော် ၀ါးပရက်စ်ဘက်ကိုခြေဦးလှည့်နေသောကြောင့် ပိုစ့်ဆက် မတင်ဖြစ်တာပါခင်ဗျာ။ ခွင့်လွှတ်ကြပါ။ ကျွန်တော့်ဝါးပရက်စ်လိပ်စာကိုလည်း ပေးထားပါ့မယ်ခင်ဗျာ။ ခဏလေး သည်းခံပြီးစောင့်ကြပါဦးနော်။ ကျွန်တော် ကလိနေတုန်းမို့လို့ပါ။ :P

အပြည့်အစုံဖတ်ချင်ရင် နှိပ်လိုက်ပါ...

Saturday, November 22, 2008

သူငယ်ချင်းကြီး ဟန်ဝေထွန်းရဲ့(၂၃)နှစ်မြောက်မွေးနေ့ပါ

ဒီနေ့(၂၂.၁၁.၂၀၀၈)ခုနှစ်၊ (စနေနေ့)တွင်ကျရောင်သော ကျွန်တော့်သူငယ်ချင်းကြီး ဟန်ဝေထွန်းရဲ့ အသက် (၂၃)နှစ်ပြည့်မွေးနေ့မှသည် နောင်နှစ်ပေါင်း(၁၀၀)တိုင်အောင် ကြီးပါစေ၊ ရှည်ပါစေသောဝ်။ (အသက်) :P သယ်ရင်း Happy Birthday ပါ။

အပြည့်အစုံဖတ်ချင်ရင် နှိပ်လိုက်ပါ...

Sunday, November 16, 2008

ဆုတောင်း...

ဆုတောင်း............
ကောင်းကင်က...
ကြယ်တစ်ပွင့်ကို မခူးဆွတ်နိုင်မှန်း သိပေမယ့်...
ကြွေကျလာပါစေလို့တော့..
ကိုယ်ဆုမတောင်းခဲ့ပါဘူး...
အမြဲတမ်းတည်တံ့နေပါစေလို့ပဲ...ကိုယ်ဆုတောင်းခဲ့တာပါ....

အပြည့်အစုံဖတ်ချင်ရင် နှိပ်လိုက်ပါ...

Monday, November 3, 2008

နာက်င္မွဳေ တြကိုယ္စား

ကောင်မလေးရေ
အဖြူရောင်ပြန်ဖြစ်ချင်ခဲ့ေ ပမယ့်
ငါဘယ်လိုပြန်ဖြစ်နိုင်မလဲ
နေရာတကာမှာ ကျရှုံးနေတော့
ငါဟာ အောင်မြင်မှုနဲ့ ဝေးနေတယ်
ချစ်သူရယ် မင်းဟာ အဖြူရောင်လေးပါ
ငါနဲ့ဝေးခဲ့ရ တာတန်ပါတယ်
ငါသာဘာမှမဟုတ်ခဲ့တာပါ
အဝေးဆုံးကို သွားရတော့မယ်
မင်းကိုတော့ သတိရနေဦးမှာပါ
ငါရှင်သန်နေသရွေ.ပေါ့

ှshine

အပြည့်အစုံဖတ်ချင်ရင် နှိပ်လိုက်ပါ...

တေလေသို့.....

ချစ်သူ...
နင်က....
မိုးတိမ်တစ်ခုဖြစ်ခဲ့ရင်....
ငါက....
မိုးတိမ်ရဲ့ငွေရောင်အနားကွ တ်လေးပေါ့
နင်က...
ပန်းလေးတစ်ပွင့်ဖြစ်ခဲ့ရင်
ငါက...
ပန်းပျိုးတဲ့လက်ပေါ့...
ငါတို့နှစ်ယောက်ရဲ့
စစ်မှန်တဲ့ချစ်ခြင်းအတွက်
ငါအားလုံးကိုရင်ဆိုင်ရဲတယ် ...ဆိုတာ
အဝေးမှချစ်သူ
နားလည်နိုင်ပါစေ.........။

အပြည့်အစုံဖတ်ချင်ရင် နှိပ်လိုက်ပါ...

Sunday, November 2, 2008

မေးခွန်း(၁)နှင့်(၂)


ချစ်သူများကိုယ့်ကိုယ်ကိုယုံကြည်မှုရှိစေရန်ဖြေကြည့်ပါဟုခေါင်းစဉ်တပ်ထားခြင်းသည် ယောင်္ကျားလေးများ အတွက်ဖြစ်ပါသည်။ မိန်းကလေးများမပါပါ။ မေးခွန်းများ များသောကြောင့် အပိုင်းလေးများခွဲပြီးတင်ပေးပါမည်။
ယခုလူကြီးမင်းဖတ်ရှုနေသည်မှာ မေးခွန်း(၁)နှင့်(၂)ဖြစ်ပါသည်။
အောက်ဖော်ပြပါမေးခွန်းများကို ဖြေဆိုခြင်းအားဖြင့် သင့်ချစ်သူအတွက်သင်သည် ထိုက်တန်မှုရှိမရှိကို ဆုံးဖြတ်နိုင်ပါသည်။ သင်သည် ချစ်သူ ကောင်းတစ်ယောက်ဟုတ်မဟုတ်ဆိုသည်ကို ယခုအမေးအဖြေက ဆန်းစစ်ပေးပါလိမ့်မည်။
အောက်ပါမေးခွန်းများကိုဖြေပါ။ သဘောတူလျှင် (မှန်)ဟုပြပါ။ သဘောမတူလျှင် (မှား)ဟုပြပါ။ မေးခွန်းအတွက်အချိန်ကန့်သတ်ချက်မရှိပါ။ အချိန်ယူ၍ဖြေဆိုနိုင်ပါသည်။
ကျွန်တော်ဖြေပေးထားပါသည်။ ကျွန်တော့်အဖြေလေးများကိုလည်းတင်ပြထားပါသည်။ ဖြေပါပြီ။ ဖြေချင်၍ဖြေခြင်းမဟုတ်ပါ။ မေးလာ၍ပြန်ဖြေခြင်းဖြစ်ပါသည်။ လူမှုရေးအရမကောင်းတတ်၍ပြန်ဖြေခြင်းမျိုးလည်းဖြစ်ပါသည်။ အောင်မှတ်ပေးစရာမလိုပါ။ ဂုဏ်ထူးမှတ် ပေးစရာမလိုပါ။ ဒီမေးခွန်းလေးတွေလောက်တော့ အရပ်စကားနှင့်ပြောရလျှင် ပျင်းတောင်ပျင်းပါသေးသည်။ ကဲဖြေကြည့်ကြရအောင် ....


မေးခွန်း(၁)
မေး။ မိမိချစ်နှစ်သက်သူအပေါ် အခြားသူတစ်ကာထက် စာနာစိတ်ပို၍ထားသင့်သည်။
ဖြေ။ မှန်ပါသည်။
ရှင်းလင်းချက်။ အခြားသူထက်တော့ ကိုယ့်ချစ်သူကိုပို၍ စာနာရမည်ဖြစ်ပါသည်။ ဘုရားအလောင်းသိဒတ္ထမင်းသားသည်ပင်လျှင်တော ထွက်ခါနီးတွင် ချစ်သူယသော်ဓရာအခန်းကို သွားကြည့်ပါသည်။ တစ်ခြားမည်သူ့အခန်းမှသွားမကြည့်ပါ။ (အကျယ်ကိုသိလိုလျှင် ဗုဒ္ဓ၀င်မှာ ရှု)
မေးခွန်း(၂)
မေး။ မိန်းကလေးတစ်ယောက်အနေနှင့် ကိုယ်ချစ်သောသူကိုတွေ့လျှင်သွယ်ဝိုက်စွာကိုယ်ကစပြီးချစ်ရေးဆိုသင့် ပါသည်။
ဖြေ။ (??????)
ရှင်းလင်းချက်။ ဒီမေးခွန်းကဖြေလို့မတတ်ဘူး။ ဒါပေမယ့်ဒီလိုတော့ထင်ထားတယ်။ မိန်းကလေးတစ်ယောက်ကသူ့ချစ်သူကိုသွယ်ဝိုက်စွာ ချစ်ရေးဆိုသင့်မဆိုသင့် မေးထားပါသည်။ ခက်သည်ကဖြေဆိုသူသည် မိန်းကလေးမဟုတ်ပါ။ ယောင်္ကျားလေးဖြစ်ပါသည်။ ကျန်းမာသန် စွမ်းပါသည်။ အင်္ဂါလေးစုံပါသည်။ ထိုကြောင့် ယခုမေးခွန်းကိုဖြေ၍မရပါ။
သို့သော်အတင်းမေးလျှင်ဖြေရပါမည်။ “မသင့်”ဟုတင်ပါသည်။ အဖြေကွက်လပ်မှာ အမှားလက္ခဏာကိုပြပါမည်။ အကြံပေးလိုသည်က ထိုမေးခွန်းကို မိန်းကလေးတစ်ယောက်ဆီမှာ သင်ကိုယ်တိုင်သွားမေးသင့်ပါသည်။ သင် နားလည်သွားပါလိမ့်မည်။
မေးမေးပြီးချင်း သင့်ပါးကို တံတွေးဆွတ်လိုက်ပါ။ မနာအောင်ဖြစ်သည်။ သူက သင့်ကို ပါးရိုက်လိမ့်မည်။ သင့်မျက်နှာလည်ထွက်သွားလိမ့် မည်။ မျက်နှာနှင့်အတူ နားပါ လိုက်လည်သွားလိမ့်မည်။ ထိုသို့ဖြင့် သင် နားလည်မည်ဖြစ်ပါသည်။

ကဲ ဒီမေးခွန်းနှစ်ခုကိုပဲဖြေထားကြည့်ကြပါဦး။ မောလွန်းလို့ခဏနားလိုက်ဦးမယ်။ ပြီးမှပြန်တင်ပေးမယ်။

အပြည့်အစုံဖတ်ချင်ရင် နှိပ်လိုက်ပါ...

ရည်းစားစာ

စာရွက်ပေါ်မှာပဲ နင့်ကိုချစ်နေယုံနဲ့တော့
ငါဘ၀ မင်ကုန်တာပဲ အဖတ်တင်လိမ့်မယ်။ ။
မပျံသန်းနိုင်တဲ့ဌက် လို့ပြောတိုင်း
ပင်ဂွင်းဌက်ကို ပြေးမြင်ရင်
နင့်ကိုငါ မခေါ်ချင်ဘူး ။။
ကျောင်းအုပ်ကြီး ဖတ်ဖို့ ရေးတဲ့စာမဟုတ်လို့
ကျောင်းသွားဖော်လေး ဖတ်စေချင်တာ
ငါ့စေတနာပါ ။။
နင့်နှလုံးသားကို နင်ဖုန်းခေါ်ပါ
ပြီးမှ ငါ့ကို စာပြန်ပါ ။ ။


တာရာမင်းဝေရဲ့ကဗျာလေးပါ။

အပြည့်အစုံဖတ်ချင်ရင် နှိပ်လိုက်ပါ...

အရိပ်များ >>>><<<<

လမရှိပါ...
လ၏အစား ၊ ချစ်သူ့ ပါးပြင်
ပါးကွက်ထင်....။

ကြယ်မရှိပါ ...
ကြယ်၏အစား ၊ ဖန်သားလဲ့ပြာ
မဟူရာနက် ၊ သူ့ မျက်ဝန်းတွင်
ရွှန်းလက်စင်...။

ည မရှိပါ ...
ည၏အစား ၊ နွမ်းပါးနိမ့်ကျ
ငါ့ ဘ၀တွင် အရိပ်ထင် ...။

သည်အခါ၌
မေတ္တာဟူသည် ၊ မယုံကြည်ပါ
လ , သည် ၊ ကြယ် , သည် ၊ ညလယ်မွေ့ပျော်
အဖော်မစစ် ၊ ပစ္စက္ခအား
လှည့်ဖြားခြင်းသာ ၊ ညများစွာ၏
အနာဂတ်သည် ၊ အိမ်မက်ရှည် ။

မောင်စိန်ဝင်း(ပုတီးကုန်း)
ကျွန်တော်ပိုစ့်မတင်ဖြစ်တာကြာသွားပြီ ခွင့်လွှတ်ပေးကြပါနော်။ တင်တော့တင်မလို့ပဲ။ ဒါပေမယ့် အားဘူးကွယ်။

အပြည့်အစုံဖတ်ချင်ရင် နှိပ်လိုက်ပါ...

အပျိုကြီးများ၏အားသာချက်များ >>>><<<<


အပျိုကြီးများအား ဖက်လုံးကိုအဖော်ပြုသူ၊ တိရစ္ဆာန်ထိန်းကျောင်းသူ၊ အထီးကျန်သူ စသည်ဖြင့်ထိခိုက်ပြောဆိုမှုတစ်ချို့ရှိကြသော်လည်း အိမ်ထောင်မပြုချင်ကြသဖြင့်သူတို့တွင်အားသာချက်များရှိနေကြပါသည်။ ကဲ .. ဆက်ဖတ်ကြည့်ချင်ရင်

  1. ရုပ်မြင်သံကြားကြည့်ပါက ရီမုကွန်ထရိုးလုစရာမလိုခြင်း
  2. နံစော်သောအ၀တ်အစားများအားလျှော်ဖွတ်စရာမလိုခြင်း။
  3. ချွတ်ချင်ရာချွတ်ထားသော ဖိနပ်များကို လိုက်သိမ်းစရာမလိုခြင်း။
  4. ရေချိုးခန်းကိုစိတ်ကြိုက်သုံးခွင့်ရခြင်း။
  5. တစ်ကိုယ်ရေသန့်ရှင်းမှုကို အထူးလုပ်စရာမလိုခြင်း။
  6. “ဘာဝတ်မလဲ” “ဒါဝတ်မလား” နေ့စဉ်ပြောစရာမလိုခြင်း။
  7. အထူးချက်ပြုတ်၊ ကြော်လှော်၊ ဆေးကြောစရာမလိုခြင်း။
  8. မိမိမှာတစ်ယောက်သောသူအတွက် ဖြစ်နေသည်ဟု စဉ်းစားစရာမလိုခြင်း။
  9. စိတ်ထဲရှိသလို နေထိုင်လုပ်ကိုင်နိုင်၍ လွတ်လပ်မှုရှိခြင်း။
  10. အရက်သောက်သူ၊ ဆေးလိပ်သောက်သူ၊ လောင်းကစားသူတစ်ဦးဦးကို စောင့်ကြည့်၊ ဆူပူ၊ ထိန်းချုပ်နေ စရာမလိုခြင်း။
  11. ကုတင်ပေါ်တွင် လွတ်လွတ်လပ်လပ်တစ်ဦးတည်းစိတ်ကြိုက်အိပ်ခွင့်ရခြင်း။
  12. မည်သူနှင့်မျှစကားမပြောလိုပဲတစ်ကိုယ်တည်းတိတ်ဆိတ်စွာနေထိုင်လိုပါက နေထိုင်ခွင့်ရခြင်း။
  13. လွတ်လပ်စွာရွေးချင်ခွင့်ရခြင်း။
  14. သွားရည်များပေမနေသော ခေါင်းအုံးနှင့်အိပ်ခွင့်ရခြင်း။
  15. ဟောက်သံကင်းကင်းဖြင့် အိပ်ခွင့်ရခြင်း။
  16. သွားချင်ရာသို့၊ သွားနိုင်သည့်အချိန်တွင် သွားလာခွင့်ရရှိခြင်း။
  17. ၀ယ်ချင်ရာကိုဝယ်နိုင်ခြင်း၊ အ၀တ်ဗီရိုထဲထည့်ဖွက်ထားစရာမလိုခြင်း၊ ၀ယ်ထားတာကြာပါပြီဟု လိမ်ပြော စရာမလိုခြင်း။
  18. စည်းကမ်းများ၊ တင်းကြပ်မှုများ၊ဘောင်များကြားတွင်နေစရာမလိုခြင်း။
  19. မိမိယုံကြည်ရာကို ပြောလိုရာကို ပြောချင်သောသူနှင့်ဆွေးနွေးခွင့်ရခြင်း။
  20. စားချင်ရာစား၊ သောက်ချင်ရာသောက်နိုင်ခြင်း။
  21. လုပ်ချင်သည့်အလုပ်ကိုလုပ်ကိုင်နိုင်ခြင်း။
  22. ညဘက်အလုပ်လုပ်နိုင်ခြင်း။ စာဖတ်နိုင်ခြင်း၊ ရုပ်မြင်သံကြားကြည့်နိုင်ခြင်း၊ အိပ်ချင်သည့်အချိန်မှ အိပ်ရာ ၀င်နိုင်ခြင်း။
  23. အ၀တ်ဘီရိုကိုစိတ်ကြိုက်အသုံးပြုနိုင်ခြင်း။
  24. မိမိစိတ်မ၀င်စားသော အကြောင်းအရာများကို လိုက်ပါစိတ်ဝင်စားနေစရာမလိုခြင်း။
  25. မိမိနှင့်မရင်းနှီးသူများကို ပြုံးပြ၊ နှုတ်ဆက်၊ လိုက်လျောညီထွေစွာဆက်ဆံစရာမလိုခြင်း။
  26. မိမိမကြိုက်နှစ်သက်သော အသံဗလံ၊ အပြုအမှု၊ အနေအထိုင်များကို အထူးသည်းခံနေစရာမလိုခြင်း။
  27. လွတ်လွတ်လပ်လပ် လေပုတ်ထုတ်နိုင်ခြင်း။
  28. မိမိမသုံးပဲ ရေအိမ်ကိုရေဆွဲချစရာ၊ တိုက်ချွတ်သန့်ရှင်းစရာမလိုခြင်း။
  29. မိမိကိုထားရစ်ခဲ့မှာကိုစိတ်ပူစရာမလိုခြင်း။
  30. တစ်စုံတစ်ဦးအားမှီခိုအားထားနေစရာမလိုခြင်း စသည်တို့မှာ အပျိုကြီးများ၏ အားသာချက်များဟု ကျွန်တော်မှမှတ်ချက်ချပေးလိုက်ပါသည်။

အပြည့်အစုံဖတ်ချင်ရင် နှိပ်လိုက်ပါ...