Friday, October 24, 2008

ချစ်သူလေးအတွက် မွေးနေ့ဆုတောင်း >>>><<<<

(၂၄.၁၀.၂၀၀၈)(သောကြာနေ့)တွင်ကျရောက်သောကျွန်တော့်အချစ်ဆုံးချစ်သူလေးရဲ့အသက်(၂၁) နှစ်မြောက် မွေးနေ့ပွဲလေးအားထိုင်းနိုင်ငံတွင်ကျင်းပပြုလုပ်ပြီးစီးပါကြောင်းနှင့်ယနေ့မွေးနေ့ပွဲသို့လာရောက်ချီးမြှင့်ပေးကြသော သူငယ်ချင်းများအားလုံးကိုလည်းကျေးဇူးအထူးတင်မိပါကြောင်း။အင်္ဂလန်နိုင်ငံ၊ ၀ီဂန်မြို့တွင် ရောက်ရှိနေသော ကျွန်တော့်ချစ်သူလေး။အလုပ်များဖြင့်ကိုယ့်မွေးနေ့ကိုတောင်မေ့နေသောကျွန်တော့်ချစ်သူလေးအတွက်ထိုင်းနိုင်ငံတွင် ရှိနေသောကျွန်တော်မှမွေးနေ့ပွဲလေးလုပ်ပေးခဲ့ခြင်းဖြစ်ပါသည်။ယခုလူကြီးမင်းများဖတ်ရှုနေသော http://www.mygirlfriend2.blogspot.com လေး၏ပိုင်ရှင်အစစ်အမှန်သည်ထိုကောင်မလေးသာဖြစ်ပါသည်။ ဥပမာ - Cbox တွင်ကြည့်ပါ။

မွေးနေ့ဆုတောင်း
ကျွန်တော်အရမ်းချစ်တဲ့ကျွန်တော့်ချစ်သူလေးယနေ့မှစ၍နောင်နှစ်ပေါင်း(၁၀၀)တိုင်အောင်ကျွန်တော်တို့နှစ်ယောက် လက်တွဲနေထိုင်နိုင်ပါစေလို့ကိုယ့်ကိုယ်ကိုယ်ဆုတောင်းလိုက်ပါတယ်။ကဲ......ဒေါ်နန်းအေးအောင်လေးရေ ကိုယ်အကုန်လုံးလုပ်ပေးပြီးပြီနော်။
ကိုယ်အရမ်းချစ်တယ်။ကိုယ့်ကိုဂရုစိုက်တဲ့အတွက်လဲကျေးဇူးအများကြီးတင်ပါတယ်။တစ်သက်လုံးကိုယ့်ကိုဂရုစိုက် ပေးဖို့ကိုလဲတောင်းဆို ပါတယ်။ ကျေးဇူးပြုပြီး ကိုယ့်ကိုချစ်သူလေးရဲ့ရင်ခွင်ထဲမှာ တစ်သက်လုံးအိပ်စက်ခွင့် ပေးပါတော့နော်။
ချစ်သူလေးရဲ့ဘတ်ဒေးမှာ ကိုယ်လေးလေးနက်နက်ကတိတစ်ခုပေးပါမယ်။ ကိုယ်ချစ်သူလေးကိုအရမ်းချစ်တယ်။ ပြီးတော့ ကိုယ်ချစ်သူ လေးကိုလက်ထပ်ခွင့်တောင်းထားတယ်နော်။ အဲဒီနေ့ရောက်ဖို့ကိုကိုယ်စောင့်နေမယ်။
ချစ်သူလေးရဲ့မွေးနေ့လက်ဆောင်အဖြစ်နဲ့ကိုယ့်နှလုံးသားကို ချစ်သူလေးကိုအပိုင်ပေးလိုက်ပါပြီ။ စေလိုရာစေ ပါတော့။

မွေးနေ့လက်ဆောင်(အချိန်တိုင်းဆိုတဲ့သီချင်းလေးပါ)





အပြည့်အစုံဖတ်ချင်ရင် နှိပ်လိုက်ပါ...

Sunday, October 19, 2008

HAPPY BIRTHDAY (Pyae Pyae)


(၁၉.၁၀.၂၀၀၈)ရက်နေ့တွင်ကျရောက်သော ပြည့်ပြည့်ရဲ့(၁၉)နှစ်မြောက်မွေးနေ့မှသည် နောက်နှစ်ပေါင်း(၁၀၀) တိုင်အောင် ချစ်သောသူများနှင့်နေထိုင်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ကနေဒါကို မလာနိုင်ပေမယ့် ဒီကနေပဲဆုတောင်းပေးလိုက်ပါတယ်။ ပြည့်ပြည့် HAPPY BIRTHDAY ပါ။

အပြည့်အစုံဖတ်ချင်ရင် နှိပ်လိုက်ပါ...

Monday, October 13, 2008

ချစ်သူသိစေရန်ကြေငြာချက် >>>><<<<

မျက်စိမှိတ်ထားပါလျက်
ကောင်းကင်ကို သတိရသည့်အခါ
တိမ်များကို မြင်နေရပါသည်။
အလွန်ဝေးကွာသည့် အရပ်သို့ ရောက်နေပါလျက်
ပင်လယ်ပြာကို စဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကို ကြားယောင်နေတတ်ပါသည်။
အခန်းကျဉ်းထဲမှာ အိပ်နေပါလျက်
ဥယျာဉ်ထဲသို့  စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ ကို ခံစားရရှိနေတတ်ပြန်သည်။
သေဆုံးသည်အထိ
မှတ်မိကျွမ်းဝင်သွားစေမည့်အရာမှာ
(ငါ့)ချစ်သူသာဖြစ်ပါ၏။ ။
မှတ်ချက်။ ကျွန်တော်အရမ်းချစ်သောချစ်သူလေး မင်းသိစေချင်တယ်။ မင်းဒီကဗျာကိုဖတ်မိရင် ငါဘာကိုဆိုလို တာလဲဆိုတာမင်းသိပါတယ်ကွာ။ :C

အပြည့်အစုံဖတ်ချင်ရင် နှိပ်လိုက်ပါ...

အသည်းကွဲ(၂၄)နာရီ အပိုင်း(၅)>>>><<<<

ငါချစ်သလောက် မင်း ..မချစ်ရင် နေပါ။
ငါချစ်တာကို မင်း .. သိပါ။
ငါလွမ်းသလောက် မင်း .. မလွမ်းရင် နေပါ။
ငါ လွမ်းတာကို မင်း .. သိပါ ။
ငါမြတ်နိုးသလောက်
မင်း ..မမြတ်နိုးရင်နေပါ
ငါ့မြတ်နိုးမှုတွေကို မင်းမြင်ပါ ။
ငါချစ်သလောက်
ငါ .. လွမ်းသလောက်
ငါ .. မြတ်နိုးသလောက်
မင်းမသိရင်နေပါ ။
ငါ့နာမည်ကို မင်း .. မေ့မသွားရင်
ကျေးဇူးအထူးတင်ရှိပါကြောင်း ။
မှတ်ချက်။ ကျွန်တော်သူ့ကိုအရမ်းချစ်တာသူသိစေချင်တယ်ဗျာ။

အပြည့်အစုံဖတ်ချင်ရင် နှိပ်လိုက်ပါ...

ညလွမ်းဖော်

မင်းရှိမှ
သတိရတတ်တာ မဟုတ်ပါဘူး။
မင်းမရှိတဲ့အခါ
သတိရတဲ့ ..စိတ်
အအိပ်ခက်တာ မင်းသိပါ ။
မင်းမြင်မှ
ခင်တွယ်တတ်တာ မဟုတ်ပါဘူး
မင်းမမြင်တဲ့အခါ
ခင်တွယ်မြတ်နိုးစိတ်
အရိပ်အဖြစ် တည်ရှိတာ
မင်း .. သိမှာပါ ။
ဘယ်လောက်ဝေးဝေး
ဘယ်လောက်ခွဲခွဲ
ရင်ထဲက မင်းရဲ့အရိပ်
ငါနဲ့အတူ
အိပ်နေတယ် .. ။ ။
မှတ်ချက်။ ခံစားချက်ခြင်းတူသူများ မျက်စိနဲ့မဖတ်ပဲနဲ့ နှလုံးသားနဲ့ဖတ်ပေးကြပါ။

အပြည့်အစုံဖတ်ချင်ရင် နှိပ်လိုက်ပါ...

Sunday, October 12, 2008

အသည်းရောဂါ ကာကွယ်နည်း

နေမကောင်း မဖြစ်ခင်
ဆေးပြားတွေ…၊ ကြိုတင်သောက်ထားရသလိုမျိုး၊
ရောဂါမရခင်
ကာကွယ်ဆေး ထိုးကြသလိုမျိုး၊
သူ့ကို
ချစ်မိတဲ့ နေ့ကစပြီး၊
အသည်းနှလုံးကို
ခေါင်းအုံးအောက်မှာ ထားလိုက်တယ်…။ ။
အသည်းကွဲမှာစိုးရိမ်နေရင် ဒီအတိုင်းအရင်လုပ်ထားလိုက်။ ကျွန်တော်တော့ မလုပ်နိုင်ခဲ့ဘူးဗျာ။
အသည်းကွဲမှာစိုးလို့ စေတနာနဲ့သတိပေးတာပါ။ ကိုယ်အရမ်းချစ်ပြီဆိုရင် သူ့ကိုချစ်တယ်လို့ မပြောခင်
ဒါလေးအရင်လုပ်ထားလိုက်၊ ပြီးမှပြော အဲဒါဆိုရင် ခံရတာသက်သာလိမ့်မယ်။

အပြည့်အစုံဖတ်ချင်ရင် နှိပ်လိုက်ပါ...

အသည်းကွဲ(၂၄)နာရီ အပိုင်း(၄)>>>><<<<

သူက. . .အခြားတစ်ယောက်ရဲ့
တယ်လီဖုန်းကို မျှော်စောင့်နေရစဉ်မှာ. . .
ကိုယ်က. . .သူရောက်အလာ
သူ့မျက်နှာကို တမ်းတ,လွမ်းဆွတ်
မျှော်ရတယ်။
တယ်လီဖုန်းဆက်ပြီး
. . .နောက်,
သူရောက်အလာ၊ ကြင်နာကြေကွဲ
ကိုယ့်အသည်းက,
သူ့ကို. . .ပြုံးပြပြီးတော့ ကြိုရတယ်။ ။
ကမ္ဘာပေါ်မှာရှိသမျှလူတိုင်းလူတိုင်း အသည်းကွဲခြင်းမှကင်းလွတ်နိုင်ကြပါစေ။

အပြည့်အစုံဖတ်ချင်ရင် နှိပ်လိုက်ပါ...

အသည်းကွဲ(၂၄)နာရီ အပိုင်း(၃) >>>><<<<

" တက် " တခေါက်ခေါက်နဲ့ အလွမ်းမီးတောက်တွေကြား
ငါ ......ဗျာများခဲ့တာ ။
မျက်ရည်တ၀ဲဝဲနဲ့ ပူပန်မှုမီးခဲတွေကြား
ငါ ........ခိုနားခဲ့တာ ။
ဆံပုတ် ...ခေါင်းပုတ်....
မင်းလုပ်သမျှ အမှားတွေကြား..
ငါ .. ပျံသန်းခဲ့တာ ။
ငါ့အတွက် ရင်နာစရာ မဟုတ်ပါကွယ် ။
မင်းအနားကို ငါ မလာချင်ဘူး
ဒါပေမဲ့ မင်းအနားက
ငါ ..... မခွါနိုင်ဘူး...
ကမ္ဘာပေါ်မှာရှိသမျှလူတိုင်းလူတိုင်း အသည်းကွဲခြင်းမှကင်းလွတ်နိုင်ကြပါစေ။

အပြည့်အစုံဖတ်ချင်ရင် နှိပ်လိုက်ပါ...

အများသုံးဖိနပ်တစ်ရံ


အချစ်က................ကျောင်းမပြေးခိုင်းဘူး
အချစ်က................မငိုခိုင်းဘူး
အချစ်က.................မရက်စက်ခိုင်းဘူး
အချစ်က.................(မိဘကို) လိမ်မပြောခိုင်းဘူး
အချစ်က.................အရက်မသောက်ခိုင်းဘူး
တကယ်တော့ အချစ်ဆိုတာ
(အပြစ်မဲ့) ဖိနပ်တရံပါ ။
လူတွေ .....
စီးချင်သလို စီးပြီး..
သွားချင်ရာသွားခဲ့....လုပ်ချင်ရာတွေလုပ်ခဲ့ကြလို့...
" အချစ် " က
(ခဏခဏ) နာမည်ပျက်သွားတာ ။
ဖိနပ်က.....သယ်ဆောင်သူ မဟုတ်ဘူး
ခြေထောက်တွေကသာ.... ဦးဆောင်သွားကြတာ ။
တကယ်ဆို
အဲဒီဖိနပ်လေးကို ....တရိုတသေသိမ်းထားပြီး....
လမ်းကောင်းကောင်း တွေ့မှ
လမ်းကောင်းကောင်း လျောက်တတ်မှ
တစ်ယောက် တစ်ရံစီ ထုတ်စီးလိုက်ရရင် ....
ဖိနပ်အသစ်လေးနဲ့......
ဘယ်လောက်လှလိုက်မလဲ ။
အဲဒါဆို....
" အချစ် "လည်း နာမည်မပျက်တော့ဘူး............။

အပြည့်အစုံဖတ်ချင်ရင် နှိပ်လိုက်ပါ...

Saturday, October 11, 2008

အသည်းကွဲ(၂၄)နာရီ အပိုင်း(၂)>>>><<<<

မနေ့ကမှ ကိုယ့်ကိုယ်ကို ငုံ့ကိုင်းကြည့်မိရဲ့
ကျွန်တော့်ရဲ့ ထွက်သက်ဝင်သက်ကလေးတောင်
အရပ်အတော်မြင့်ခဲ့ပြီ။
လမ်းထိပ်က သွေးနွေးသတ္တ၀ါတွေ အတိုင်းပါပဲ
လောကဓံ ခွန်းကြီး၊ခွန်းငယ်တွေကြားမှာ
ကျွန်တော်ဟာလည်း ၀ူးဝူးဝါးဝါးနဲ့
'လူ' အဖြစ် 'ပွင့်' ခဲ့ရတာပါ။
တကယ်ဆို ကဗျာဟာ
အချစ်ဦးမသိအောင် ရေးရတဲ့အရာပေါ့
ကံ့ကော်နဲ့ အဖူးရောအပွင့်ရော လွဲခဲ့ရသလိုမျိုး ဘာညာဘာညာ
အဲဒီလို မာယာအမှုကိုလည်း
ကိုယ်တိုင်ကိုယ်ကျ ပြုခဲ့ဖူးပြီ။
တစ်ခါတစ်ရံ လေပူတွေ အဝေ့မှာတော့
လမ်းလျှောက်သူတို့ရဲ့ ဘာသာဘာဝ တုန်ခါယိမ်းသွေဖူးတယ်
အဲဒါကလွဲရင် သူလိုကိုယ်လိုလောက်တောင်
ကျွန်တော် မကောက်ကွေ့ခဲ့ပါဘူး။
ကျွန်တော်နဲ့သိုးထိန်းတို့ ခုလိုစကားစိမ်းဆိုကြ
သြော် တစ်ခုတော့ရှိတယ်
ကျွန်တော်မပါဘဲနဲ့လည်း ဧရာဝတီမြစ်ဟာ စီးမြဲစီးနေလိမ့်မယ်
အဲဒါကို ပြောဖို့ကျန်ခဲ့တယ်။ ။
မှတ်ချက်။ တာရာမင်းဝေ၏ ကဗျာလေးတစ်ပုဒ်အား ခေါင်းစဉ်ပြောင်းတင်ထားပေးပါသည်။
ကမ္ဘာပေါ်မှာရှိသမျှလူတိုင်းလူတိုင်း အသည်းကွဲခြင်းမှကင်းလွတ်နိုင်ကြပါစေ။

အပြည့်အစုံဖတ်ချင်ရင် နှိပ်လိုက်ပါ...

အသည်းကွဲ(၂၄)နာရီ အပိုင်း(၁)>>>><<<<

လမ်းခြမ်းအ၀ါကို မြင်လို့
ကောင်းကင်ကို မမြင်လိုက်ဘူး။
တစ်ယောက်နဲ့တစ်ယောက်
ရွာရိုးကိုးပေါက် ဝေးခဲ့မိတယ်။
ကောင်မလေးရေ
ငါ့ရဲ့
အမေတစ်ဝက်၊ ဆောင်းရာသီတစ်ဝက် ကောင်မလေးရေ
ငါ့ကို ကယ်ပါ။
ငါ့ကို ကယ်တင်တယ်လို့ သဘောမထားဘဲ
ငါ့ကိုပဲ ကယ်ပါ
မင်းရဲ့ အဖြူ တစ်ဝက်ရဲ့ အဖြူတစ်ဝက်လောက်
ငါ့ကို ဆွတ်ပေးပါ။
ရင်ဘတ်က ကြယ်ငွေ့တွေ ဖြာကျလာတဲ့အထိ
ငါ ပွင့်ပစ်လိုက်ချင်လို့ပါ။
မှတ်ချက်။ အသည်းကွဲနေသော လူတိုင်းအတွက်။

အပြည့်အစုံဖတ်ချင်ရင် နှိပ်လိုက်ပါ...

Friday, October 10, 2008

ကျွန်တော်အရမ်းချစ်တဲ့ ကျွန်တော့်ချစ်သူလေးလာလည်ရင် နားထောင်ဖို့ပါ

သူတစ်ယောက်တည်းနားထောင်ဖို့တော့မဟုတ်ပါဘူး လာလည်တဲ့သူအားလုံးနားထောင်လို့ရအောင်လုပ်ပေးထားတာပါ။
ဆောရီးနော်။ ဒါပေမယ့် သူ့ကိုတော့ ပိုပြီးနားထောင်သွားစေချင်တယ်ဗျ။

အပြည့်အစုံဖတ်ချင်ရင် နှိပ်လိုက်ပါ...

ဒီသီချင်းလေးနားထောင်ရင်းနဲ့ မတရားမှုများရပ်တန့်ကြပါတော့ဗျာ

လူအချင်းချင်း သတ်ဖြတ်နှိပ်စက်နေတာတွေ။ လူအချင်းချင်း ညှင်းပန်းနှိပ်စက်နေတာတွေ။ အားလုံးပဲဗျာ။ ကမ္ဘာကြီးကိုငြိမ်းချမ်းအောင် ပြုလုပ်ပေးကြပါတော့ဗျာ။ ကျွန်တော်တို့အားလုံး ငြိမ်းချမ်းတဲ့ကမ္ဘာကြီးမှာနေထိုင်ကြပါစို့ဗျာ။ စစ်ပွဲတွေရပ်တန့်ပေးကြပါတော့။
လွတ်လပ်ရေးတွေ။ လူ့အခွင့်အရေးချိုးဖောက်မှုတွေရပ်တန့်ပေးကြပါတော့။ အားလုံးရဲ့မျက်ရည်တွေကို မြင်ပေးကြပါတော့ဗျာ။
ကျွန်တော်ကိုယ်တိုင်လဲ မျက်ရည်ကျနေရတာပါ။ ကျွန်တော့်လိုမျိုး မျက်ရည်ကျနေရတဲ့သူတွေ ဒီကမ္ဘာကြီးမှာဘယ်နှစ်ယောက်တောင် ရှိနေပြီလဲဗျာ။ အားလုံးပဲ ကျွန်တော်တောင်းပန်ပါတယ်။ ဒီနေရာကနေ တောင်းပန်လိုပါတယ်။ ဒီသီချင်းလေးနားထောင်ရင်းနဲ့
အားလုံးဆုံးဖြတ်သွားကြပါဗျာ။

အပြည့်အစုံဖတ်ချင်ရင် နှိပ်လိုက်ပါ...

Tuesday, October 7, 2008

ဒီသီချင်းကိုဒေါင်းလော့လုပ်သွားကြပါ

အခုတင်ပေးထားတဲ့သီချင်းကို မဖြစ်မနေဒေါင်းလော့လုပ်သွားကြပါဗျာ။ မလုပ်ဖြစ်ဘူးဆိုရင်တော့နောက်မှနောင်တရလာလိမ့်မယ်။
ကိုရဲဘလော့ကိုလာလည်ပြီးရင်တော့ ဒီသီချင်းကိုဒေါင်းလော့လုပ်သွားပါလို့တောင်းဆိုပါရစေဗျာ။

ဒီနေရာမှာဒေါင်းပါ

အပြည့်အစုံဖတ်ချင်ရင် နှိပ်လိုက်ပါ...

ကျွန်တော်ကြားဖူးတဲ့ရည်းစားစာတစ်စောင် >>>>><<<<<

သမင်မလေးဖြိုး ......
ချစ်လွန်းလို့ ဆင်ကြံကြံမိတာပါ။ ချစ်တဲ့အကြောင်းကို ပြောဖို့ ကျားချောင်းချောင်းနေတာ ကြာလှပါပြီကွယ်။ ဒါပေမဲ့အခွင့်မသာလို့လင်းမြွေလိုမသက်မသာခွေနေရတာပါ။အခွင့်အရေးရနိုးရနိုးမျှော်ရင်းနဲ့လည်ပင်းတွေလည်း သစ်ကုလားအုပ် ဖြစ်နေရပါပြီကွယ်...
ဖြိုးကိုကိုကြီးချစ်တဲ့အချစ်ကသိုးတစ်ကောင်လို့ဖြူစင်လှပါတယ်။အခုလိုဖြိုးမသိအောင်စာထည့်ပေးလိုက်ရတာကိုလည်း မြေခွေးလိုကောက်ကျစ်တယ်လို့မထင်စေချင်ဘူး။ဖြိုးနဲ့ရင်ဆိုင်တွေတဲ့အခါတိုင်းကိုယ့်ရဲ့အသဲနှလုံးဟာယုန်ငယ်လေးလို ထိန့်လန့်လွယ်လို့ ဒီလို လုပ်မိတာပါ။ ဖြိုးရယ် နွားကျတယ်လို ဆိုချင်ဆိုပါ ဖြိုးရဲ့ ခြေရင်းမှာ ကြောင်တစ်ကောင်လို ခယ ပါရစေ...
အဲဒါကလည်း ခြင်္သေ့လို့ အသဲမျိုးနဲ့ ရဲရဲကြီး ချစ်မိလို့ပါ။ ဒီလိုပြောလိုက်လို့ ဖြိုးရဲ့ စိတ်ထဲမှာ ကိုယ့်ကို ရေဆင်လိုလို ကြွက်စုတ်လိုလို မထင်စေချင်ဘူး။
တကယ်တော့ ကိုယ်က အောက်ချင်းငှက်လို ဖြိုးအပေါ် သစ္စာကြီးမဲ့ လူစားပါ။ ဖြိုးကိုယ့်ကို စာပြန်ပါနော်။ ဖြိုးရဲ့ ပြန်စာကိုမှ မရရင် သစ်ကိုင်းလွတ်တဲ့မျောက်လို့ ကိုကြီး နေမထိထိုင်မသာ ဖြစ်နေရမှာပါ။
ဖြိုးရဲ့ အချစ်ကို မျော်လင့်ရင်း စိုင်ကော်လို့ ခြုံပေါ်ရောက်ချင်နေတဲ့ ဒရယ်ရွာသား အိုင်လက်ဖြူခေါ် ထိန်းအိုင်.........
မှတ်ချက်လေးနော်။ ။ သမင်မလေးဖြိုးဆိုတာနဲ့ကျွန်တော်နဲ့က ဘာမှမဆိုင်ဘူးနော်။ ပေါက်ကရတွေလိုက်မမေး ကြပါနဲ့လို့ကြိုတင်တောင်းပန်ပါတယ်။ သူများရေးထားတာကို ကော်ပီကူးပြီးတင်ပေးထားတာ။ တော်ကြာ
ဖြိုး ဆိုတာဘယ်သူလဲဆိုပြီး ပြသနာရှာမယ့် ကျွန်တော့်ချစ်ချစ်လေးရဲ့ရန်ကိုလဲကြောက်ရသေးတယ်။ အဟဲ။

အပြည့်အစုံဖတ်ချင်ရင် နှိပ်လိုက်ပါ...

Monday, October 6, 2008

Anita (Ya-turm-rai) ချစ်သူကိုလွမ်းနေတဲ့အချိန်မှာဒီသီချင်းလေးနားထောင်ဖြစ်တယ်

အားလုံးဆောရီးဗျာ။ ကျွန်တော်ပိုစ့်မတင်ဖြစ်တာကြာသွားတယ်။ ခွင့်လွှတ်ပေးပါနော်။
ကျွန်တော်လဲ နည်းနည်းရှုပ်နေလို့ဗျ။ အဲဒါကြောင့်ဒီဘက်မရောက်ဖြစ်တာလဲပါတယ်။
အခုသီချင်းလေးတစ်ပုဒ်တင်ပေးထားတယ်။ အဲဒီသီချင်းလေးက နားလည်တဲ့သူတွေ
အတွက်တော့အဆင်ပြေမှာပါ။ ကျွန်တော့်ချစ်သူလေးကိုကျွန်တော်အရမ်းချစ်တဲ့အကြောင်း
တွေကို Anita ကဆိုပြထားတယ်။ နားထောင်ကြည့်ပေါ့။ အိုကေနော်။

အပြည့်အစုံဖတ်ချင်ရင် နှိပ်လိုက်ပါ...