Sunday, October 12, 2008

အသည်းရောဂါ ကာကွယ်နည်း

နေမကောင်း မဖြစ်ခင်
ဆေးပြားတွေ…၊ ကြိုတင်သောက်ထားရသလိုမျိုး၊
ရောဂါမရခင်
ကာကွယ်ဆေး ထိုးကြသလိုမျိုး၊
သူ့ကို
ချစ်မိတဲ့ နေ့ကစပြီး၊
အသည်းနှလုံးကို
ခေါင်းအုံးအောက်မှာ ထားလိုက်တယ်…။ ။
အသည်းကွဲမှာစိုးရိမ်နေရင် ဒီအတိုင်းအရင်လုပ်ထားလိုက်။ ကျွန်တော်တော့ မလုပ်နိုင်ခဲ့ဘူးဗျာ။
အသည်းကွဲမှာစိုးလို့ စေတနာနဲ့သတိပေးတာပါ။ ကိုယ်အရမ်းချစ်ပြီဆိုရင် သူ့ကိုချစ်တယ်လို့ မပြောခင်
ဒါလေးအရင်လုပ်ထားလိုက်၊ ပြီးမှပြော အဲဒါဆိုရင် ခံရတာသက်သာလိမ့်မယ်။

No comments: