အပျိုကြီးများအား ဖက်လုံးကိုအဖော်ပြုသူ၊ တိရစ္ဆာန်ထိန်းကျောင်းသူ၊ အထီးကျန်သူ စသည်ဖြင့်ထိခိုက်ပြောဆိုမှုတစ်ချို့ရှိကြသော်လည်း အိမ်ထောင်မပြုချင်ကြသဖြင့်သူတို့တွင်အားသာချက်များရှိနေကြပါသည်။ ကဲ .. ဆက်ဖတ်ကြည့်ချင်ရင်
- ရုပ်မြင်သံကြားကြည့်ပါက ရီမုကွန်ထရိုးလုစရာမလိုခြင်း
- နံစော်သောအ၀တ်အစားများအားလျှော်ဖွတ်စရာမလိုခြင်း။
- ချွတ်ချင်ရာချွတ်ထားသော ဖိနပ်များကို လိုက်သိမ်းစရာမလိုခြင်း။
- ရေချိုးခန်းကိုစိတ်ကြိုက်သုံးခွင့်ရခြင်း။
- တစ်ကိုယ်ရေသန့်ရှင်းမှုကို အထူးလုပ်စရာမလိုခြင်း။
- “ဘာဝတ်မလဲ” “ဒါဝတ်မလား” နေ့စဉ်ပြောစရာမလိုခြင်း။
- အထူးချက်ပြုတ်၊ ကြော်လှော်၊ ဆေးကြောစရာမလိုခြင်း။
- မိမိမှာတစ်ယောက်သောသူအတွက် ဖြစ်နေသည်ဟု စဉ်းစားစရာမလိုခြင်း။
- စိတ်ထဲရှိသလို နေထိုင်လုပ်ကိုင်နိုင်၍ လွတ်လပ်မှုရှိခြင်း။
- အရက်သောက်သူ၊ ဆေးလိပ်သောက်သူ၊ လောင်းကစားသူတစ်ဦးဦးကို စောင့်ကြည့်၊ ဆူပူ၊ ထိန်းချုပ်နေ စရာမလိုခြင်း။
- ကုတင်ပေါ်တွင် လွတ်လွတ်လပ်လပ်တစ်ဦးတည်းစိတ်ကြိုက်အိပ်ခွင့်ရခြင်း။
- မည်သူနှင့်မျှစကားမပြောလိုပဲတစ်ကိုယ်တည်းတိတ်ဆိတ်စွာနေထိုင်လိုပါက နေထိုင်ခွင့်ရခြင်း။
- လွတ်လပ်စွာရွေးချင်ခွင့်ရခြင်း။
- သွားရည်များပေမနေသော ခေါင်းအုံးနှင့်အိပ်ခွင့်ရခြင်း။
- ဟောက်သံကင်းကင်းဖြင့် အိပ်ခွင့်ရခြင်း။
- သွားချင်ရာသို့၊ သွားနိုင်သည့်အချိန်တွင် သွားလာခွင့်ရရှိခြင်း။
- ၀ယ်ချင်ရာကိုဝယ်နိုင်ခြင်း၊ အ၀တ်ဗီရိုထဲထည့်ဖွက်ထားစရာမလိုခြင်း၊ ၀ယ်ထားတာကြာပါပြီဟု လိမ်ပြော စရာမလိုခြင်း။
- စည်းကမ်းများ၊ တင်းကြပ်မှုများ၊ဘောင်များကြားတွင်နေစရာမလိုခြင်း။
- မိမိယုံကြည်ရာကို ပြောလိုရာကို ပြောချင်သောသူနှင့်ဆွေးနွေးခွင့်ရခြင်း။
- စားချင်ရာစား၊ သောက်ချင်ရာသောက်နိုင်ခြင်း။
- လုပ်ချင်သည့်အလုပ်ကိုလုပ်ကိုင်နိုင်ခြင်း။
- ညဘက်အလုပ်လုပ်နိုင်ခြင်း။ စာဖတ်နိုင်ခြင်း၊ ရုပ်မြင်သံကြားကြည့်နိုင်ခြင်း၊ အိပ်ချင်သည့်အချိန်မှ အိပ်ရာ ၀င်နိုင်ခြင်း။
- အ၀တ်ဘီရိုကိုစိတ်ကြိုက်အသုံးပြုနိုင်ခြင်း။
- မိမိစိတ်မ၀င်စားသော အကြောင်းအရာများကို လိုက်ပါစိတ်ဝင်စားနေစရာမလိုခြင်း။
- မိမိနှင့်မရင်းနှီးသူများကို ပြုံးပြ၊ နှုတ်ဆက်၊ လိုက်လျောညီထွေစွာဆက်ဆံစရာမလိုခြင်း။
- မိမိမကြိုက်နှစ်သက်သော အသံဗလံ၊ အပြုအမှု၊ အနေအထိုင်များကို အထူးသည်းခံနေစရာမလိုခြင်း။
- လွတ်လွတ်လပ်လပ် လေပုတ်ထုတ်နိုင်ခြင်း။
- မိမိမသုံးပဲ ရေအိမ်ကိုရေဆွဲချစရာ၊ တိုက်ချွတ်သန့်ရှင်းစရာမလိုခြင်း။
- မိမိကိုထားရစ်ခဲ့မှာကိုစိတ်ပူစရာမလိုခြင်း။
- တစ်စုံတစ်ဦးအားမှီခိုအားထားနေစရာမလိုခြင်း စသည်တို့မှာ အပျိုကြီးများ၏ အားသာချက်များဟု ကျွန်တော်မှမှတ်ချက်ချပေးလိုက်ပါသည်။
No comments:
Post a Comment