Monday, October 13, 2008

ညလွမ်းဖော်

မင်းရှိမှ
သတိရတတ်တာ မဟုတ်ပါဘူး။
မင်းမရှိတဲ့အခါ
သတိရတဲ့ ..စိတ်
အအိပ်ခက်တာ မင်းသိပါ ။
မင်းမြင်မှ
ခင်တွယ်တတ်တာ မဟုတ်ပါဘူး
မင်းမမြင်တဲ့အခါ
ခင်တွယ်မြတ်နိုးစိတ်
အရိပ်အဖြစ် တည်ရှိတာ
မင်း .. သိမှာပါ ။
ဘယ်လောက်ဝေးဝေး
ဘယ်လောက်ခွဲခွဲ
ရင်ထဲက မင်းရဲ့အရိပ်
ငါနဲ့အတူ
အိပ်နေတယ် .. ။ ။
မှတ်ချက်။ ခံစားချက်ခြင်းတူသူများ မျက်စိနဲ့မဖတ်ပဲနဲ့ နှလုံးသားနဲ့ဖတ်ပေးကြပါ။

No comments: