Monday, October 13, 2008

အသည်းကွဲ(၂၄)နာရီ အပိုင်း(၅)>>>><<<<

ငါချစ်သလောက် မင်း ..မချစ်ရင် နေပါ။
ငါချစ်တာကို မင်း .. သိပါ။
ငါလွမ်းသလောက် မင်း .. မလွမ်းရင် နေပါ။
ငါ လွမ်းတာကို မင်း .. သိပါ ။
ငါမြတ်နိုးသလောက်
မင်း ..မမြတ်နိုးရင်နေပါ
ငါ့မြတ်နိုးမှုတွေကို မင်းမြင်ပါ ။
ငါချစ်သလောက်
ငါ .. လွမ်းသလောက်
ငါ .. မြတ်နိုးသလောက်
မင်းမသိရင်နေပါ ။
ငါ့နာမည်ကို မင်း .. မေ့မသွားရင်
ကျေးဇူးအထူးတင်ရှိပါကြောင်း ။
မှတ်ချက်။ ကျွန်တော်သူ့ကိုအရမ်းချစ်တာသူသိစေချင်တယ်ဗျာ။

No comments: