Tuesday, October 7, 2008

ကျွန်တော်ကြားဖူးတဲ့ရည်းစားစာတစ်စောင် >>>>><<<<<

သမင်မလေးဖြိုး ......
ချစ်လွန်းလို့ ဆင်ကြံကြံမိတာပါ။ ချစ်တဲ့အကြောင်းကို ပြောဖို့ ကျားချောင်းချောင်းနေတာ ကြာလှပါပြီကွယ်။ ဒါပေမဲ့အခွင့်မသာလို့လင်းမြွေလိုမသက်မသာခွေနေရတာပါ။အခွင့်အရေးရနိုးရနိုးမျှော်ရင်းနဲ့လည်ပင်းတွေလည်း သစ်ကုလားအုပ် ဖြစ်နေရပါပြီကွယ်...
ဖြိုးကိုကိုကြီးချစ်တဲ့အချစ်ကသိုးတစ်ကောင်လို့ဖြူစင်လှပါတယ်။အခုလိုဖြိုးမသိအောင်စာထည့်ပေးလိုက်ရတာကိုလည်း မြေခွေးလိုကောက်ကျစ်တယ်လို့မထင်စေချင်ဘူး။ဖြိုးနဲ့ရင်ဆိုင်တွေတဲ့အခါတိုင်းကိုယ့်ရဲ့အသဲနှလုံးဟာယုန်ငယ်လေးလို ထိန့်လန့်လွယ်လို့ ဒီလို လုပ်မိတာပါ။ ဖြိုးရယ် နွားကျတယ်လို ဆိုချင်ဆိုပါ ဖြိုးရဲ့ ခြေရင်းမှာ ကြောင်တစ်ကောင်လို ခယ ပါရစေ...
အဲဒါကလည်း ခြင်္သေ့လို့ အသဲမျိုးနဲ့ ရဲရဲကြီး ချစ်မိလို့ပါ။ ဒီလိုပြောလိုက်လို့ ဖြိုးရဲ့ စိတ်ထဲမှာ ကိုယ့်ကို ရေဆင်လိုလို ကြွက်စုတ်လိုလို မထင်စေချင်ဘူး။
တကယ်တော့ ကိုယ်က အောက်ချင်းငှက်လို ဖြိုးအပေါ် သစ္စာကြီးမဲ့ လူစားပါ။ ဖြိုးကိုယ့်ကို စာပြန်ပါနော်။ ဖြိုးရဲ့ ပြန်စာကိုမှ မရရင် သစ်ကိုင်းလွတ်တဲ့မျောက်လို့ ကိုကြီး နေမထိထိုင်မသာ ဖြစ်နေရမှာပါ။
ဖြိုးရဲ့ အချစ်ကို မျော်လင့်ရင်း စိုင်ကော်လို့ ခြုံပေါ်ရောက်ချင်နေတဲ့ ဒရယ်ရွာသား အိုင်လက်ဖြူခေါ် ထိန်းအိုင်.........
မှတ်ချက်လေးနော်။ ။ သမင်မလေးဖြိုးဆိုတာနဲ့ကျွန်တော်နဲ့က ဘာမှမဆိုင်ဘူးနော်။ ပေါက်ကရတွေလိုက်မမေး ကြပါနဲ့လို့ကြိုတင်တောင်းပန်ပါတယ်။ သူများရေးထားတာကို ကော်ပီကူးပြီးတင်ပေးထားတာ။ တော်ကြာ
ဖြိုး ဆိုတာဘယ်သူလဲဆိုပြီး ပြသနာရှာမယ့် ကျွန်တော့်ချစ်ချစ်လေးရဲ့ရန်ကိုလဲကြောက်ရသေးတယ်။ အဟဲ။

No comments: