Saturday, August 30, 2008

လမ်းခွဲဆုံမှတ်

မိန်းခလေးရယ် မင်းကိုကြည့်ရတာပင်ပန်းလွန်းလှပါတယ်

သယ်လာတဲ့ဝန်ထုပ်တွေ အသာချလို့
အေးမြတဲ့လေ တ၀ ရှုလိုက်စမ်းပါ ....
ဒုက္ခဆိုတာ မိုးတိမ်လိုသာပ
ရွာတုန်းခဏပါကွယ်
နှစ်ကိုယ်တူတစ်ဘ၀ မှန်းမရတဲ့ဒီခရီးမို့
နွမ်းလျစွာ မင်းမညည်းနဲ့နော်
လျောက်တုန်းခဏ ထပ်တူမကျမှုတွေကြား
မင်း ........ ဗျာများမနေပါနဲ့
မယ်မျှော်ချိန် မောင်ရောက်လာလို့
ပျောက်ခဲ့တဲ့အနမ်းတွေနဲ့
အားပြည့်လန်းဆန်းတဲ့အခါ
ဘ၀ဆိုတာ အတိတ်တို့ရဲ့ သချို င်္င်းမှန်း
မင်းသိမယ်ပ
ဒီလိုနဲ့
တဖက်ကမ်းအလှ မြင်ရမယ့်အချိန်
သံလှောင်တံခါးဝ ဖွင့်ဟမယ့်အချိန်
ကျိန်ပြခဲ့သစ္စာစကား
တိမ်လေတွေနဲ့ လွင့်ပါးခဲ့ပေါ့။

No comments: