Wednesday, August 20, 2008

လွမ်းလို့သေသွားတဲ့သစ်ပင်တစ်ပင်ရဲ့အကြောင်း

လွမ်းလို့သေသွားတဲ့သစ်ပင်ကိုယ့်ဘာသာကို
မိုးလင်းရကိုယ့်ဘာသာကိုယ် မိုးချုပ်ရနဲ့
အဲဒီ နေရောင်ခြည်ကိုက ရှုပ်တယ်။
မတောက်ပချင်ပါဘူးကွယ်
ပြန်ပြန်မှောင်ရတာနဲ့ မကာမိလို့။
ကြာ...လိုက်...တာ... ...
အလင်းတွေ အသက်ရှူနေလိုက်ပုံက
(ဒါနဲ့ပဲ...) သူမရဲ့ အပြုံးကို မြင်ရဖို့နောက်ကျခဲ့ပြန်ရော...။
ငါ့ကျောပေါ် ထမ်းထားရတဲ့
အလွမ်းကတော့မင်းရဲ့ အမည်နာမကို
တမ်းတမ်းတတ ရေရွတ်တယ်...။
ဖွတ်ထွက်တာတောင်မှတောင်ပို့မှန်း မသိခဲ့ပါဘူး
ဘ၀ကူး မကောင်းနိုင်တဲ့အထိတောင်...
အသိဥာဏ်တွေ မှောင်ခဲ့။
(အဲဒီကောင်ဟာ...အသေအချာမှောင်ခဲ့
အချစ်တွေ မဲ့ပြီဆိုရင်
သွေးမခုန်ချင်တော့ပါဘူးလို့ ငြင်းတဲ့ကောင်)
နောက်သလို ပြောင်သလိုနဲ့
ငါ့ကို လာချစ်သွားတဲ့ ကောင်မလေးရေ...
“အနမ်းတွေ ဆေးထိုးမှားခဲ့တာပါ...” တဲ့
လွမ်းလို့သေသွားတဲ့သစ်ပင်ကအရွက်ကို ခြွေချပြီး ပြောတယ်...။
မှတ်ချက်။ ကျွန်တော်လဲ အဲဒီလိုလွမ်းလို့သေတဲ့သစ်ပင်မျိုးဖြစ်ဖူးတယ်ဗျ။ ဒါပေမယ့်သေတော့မသေဘူးပေါ့။

No comments: