Saturday, August 30, 2008

သင်္ခါရနဒီ

သဘာဝတရားကဖန်ဆင်းလို့

ငါ .... ကြီးပြင်းခဲ့ရတယ်။
ဖြတ်သန်းခဲ့တဲ့လမ်းတစ်လျှောက်
ကောက်ချည်တစ်ခါ
ဖြောင့်ချည်တစ်လှည့်နဲ့
ကြောက်ချိန်တန်တော့ကြောက်
မောက်ချိန်တန်တော့မောက်ခဲ့ရတယ်
ပျော့တဲ့နေရာနက်နက်တူး
အမာနဲ့တွေ့တော့ကွေ့ရှောင်
ငါ့ခန္ဒာအစိတ်အပိုင်းတွေတောင်
မြစ်ကျိုးအင်းဖြစ်တည်ခဲ့ ......
ညဥ့်ဦးယံ ဒီတက်ပြန်တော့
အမြုပ်တစ်စီစီထလို့
ငါ့အရောင်ဟာ နောက်ကျိခဲ့ရတယ်
သြော် .....
ငါနဲ့အတူနေမယ်ပြောတဲ့ငါးတွေတောင်
အတောင်တွေပေါက်လို့
ငါ့ရင်ကို ဖောက်ထွက်ခဲ့ကြပြီ ......

No comments: