Thursday, August 28, 2008

ကောင်မလေးတစ်ယောက်အတွက်

ကောင်မလေးရေ
မင်းကို ငါချစ်တယ်
ရာစုနှစ်ပေါင်များစွာမှာ
လူတွေဒါပဲ ပြောကြတယ်
ငါ့အတွက်စကား (၅) လုံး
မင်းအပြုံးက ၀ါးမြိုခဲ့
သရော်တဲ့ နှုတ်ခမ်းတွေ
“ချွင်” “ချွင်” မြည်နေတယ်
မြေကြီးသားဘ၀ှာ
အဇ္ဈတ္တိကမီးပုံကြောင့်
ငါ့ရင်အုံလူသတ်ကွင်းထဲ
သားရဲတွေအစာတောင်းပြီး
အသက်နဲ့အညီအမျှ ကျိန်ဆိုမိုးပြိုတယ်
ကောင်မလေး .......
မင်းကို . ....... ငါချစ်တယ်.....
မှတ်ချက်။ ။ ကျွန်တော့်အတွက်အရမ်းအရေးကြီးသောကောင်မလေးတစ်ယောက်အတွက် ရေးထားခြင်း ဖြစ်ပါသည်။ အခြားမည်သူ့ကိုမှမရည်ရွယ်ပါ။

No comments: