Sunday, November 2, 2008

အရိပ်များ >>>><<<<

လမရှိပါ...
လ၏အစား ၊ ချစ်သူ့ ပါးပြင်
ပါးကွက်ထင်....။

ကြယ်မရှိပါ ...
ကြယ်၏အစား ၊ ဖန်သားလဲ့ပြာ
မဟူရာနက် ၊ သူ့ မျက်ဝန်းတွင်
ရွှန်းလက်စင်...။

ည မရှိပါ ...
ည၏အစား ၊ နွမ်းပါးနိမ့်ကျ
ငါ့ ဘ၀တွင် အရိပ်ထင် ...။

သည်အခါ၌
မေတ္တာဟူသည် ၊ မယုံကြည်ပါ
လ , သည် ၊ ကြယ် , သည် ၊ ညလယ်မွေ့ပျော်
အဖော်မစစ် ၊ ပစ္စက္ခအား
လှည့်ဖြားခြင်းသာ ၊ ညများစွာ၏
အနာဂတ်သည် ၊ အိမ်မက်ရှည် ။

မောင်စိန်ဝင်း(ပုတီးကုန်း)
ကျွန်တော်ပိုစ့်မတင်ဖြစ်တာကြာသွားပြီ ခွင့်လွှတ်ပေးကြပါနော်။ တင်တော့တင်မလို့ပဲ။ ဒါပေမယ့် အားဘူးကွယ်။

No comments: