Thursday, September 18, 2008

ချစ်သူအတွက်

မိုးသည်းသည်းဖွဲကျတဲ့ည
မင်းကိုခဏပိုင်ဆိုင်လိုက်ရတယ်
တရားတယ် မတရားဘူး ငါမတွေးဘူးနော်
မင်းကိုလုယူခဲ့ရလို့ပဲဖြစ်ဖြစ်
မင်းရင်ခွင်ထဲမှာ တဒင်္ဂမိန်းမောခွင့်ရတဲ့ ခဏ
ငါ့ဘ၀မင်းကိုပေးဆပ်ဖို့ အသင့်ဖြစ်နေပြန်တယ်
ငါ့နှုတ်ခမ်းသားတွေ ကြေလုတဲ့အထိ
အနမ်းရိုင်းတွေ
ကြမ်းတမ်းတဲ့ မင်းရဲ့ ပွေ့ပိုက်မှုတွေ
ငါ့ဆံနွယ်တွေကြားက မင်းလက်ချောင်းတွေ
မညှာတာတဲ့မင်းရဲ့ လှုပ်ရှားမှုတစ်ခုစီတိုင်း
ငါမျောလွင့်ရင်း
ဂန္တ၀င်မဆန်တဲ့ ငါ့ကကွက်တွေပြိုကျ
ငါဟာ အသည်းခိုးသူ တယောက်ဆိုလဲ
ငါ့ကျောပြင်ပေါ်က မင်းရဲ့ပွတ်သတ်မှုနဲ့
လဲလှယ်လိုက်တယ်
အိစက်ညက်ညောတဲ့
အဖြူရောင်အ၀တ်စတွေအပေါ်
အဆိပ်သင့်ထားတဲ့ ငါ့စိတ်တွေ
မင်းအထိနဲ့အတွေ့ကြားမှာပျော်ဝင်
မင်းဘက်က အချစ်စစ်မဟုတ်မှန်းသိလျှက်
ငါ့ကိုမင်းပူလောင်မှုက ခြယ်လှယ်
ငါအပြစ်မဆိုသာအောင် ကျေနပ်နေမိတယ်
ငါ့ရင်ဘတ်နဲ့လည်ဂုတ်ပေါ်မှာ
မင်းရဲ့ဝိုင်ရနံ့တွေ ဆွတ်ပျံ
ဒီမိုးကြမ်းတဲ့ တစ်ည
မင်းရင်ခွင်ထဲ နွေးထွေးမှုမပါဘဲ
ခဏမိုက်ခဲ့တယ် ...
ငါက ဘ၀နဲ့ရင်းပြီး ချစ်ခဲ့ရသူလေ ...
PS>>> ဒီကဗျာလေးရဲ့မူရင်းပိုင်ရှင်က ရှိုင်းဆိုတဲ့ကောင်မလေးတစ်ယောက်ပါ။ သူ့ဆီကနေတောင်းပြီး တင်ထားတာပါ။

No comments: